ကဗျာ

ချစ်သူ...
အများတကာတွေထက် သာချင်တဲ့မင်းအတွက်
ကိုယ့်ရဲ့အစီအစဉ်တွေကို ပြောပြမယ်
ပန်းတစ်ပွင့်အတွက်...
ရင်ခုန်တတ်ကြတဲ့ မိန်းကလေးတွေထဲက
ချစ်သူ့အတွက်...
အများနဲ့မတူအောင် ပန်းတစ်ခွေ စီစဉ်ထားတယ်
ကိုယ့်ခံစားချက်တွေနဲ့
ကဗျာဆန်ဆန် နာမည်ပေးလိုက်သေးတယ်
လွမ်းသူ့ပန်းခွေတဲ့...
မာစီဒီးမှ စီးချင်တဲ့မင်းအတွက်
မာစီဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ
မင်းအတွက် ကိုက
အိပ်ပြီးစီးလို့ရတဲ့ကားမျိုး စီစဉ်ထားတယ်
မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့
ကိုယ့်ဆုတောင်းလေးတွေ ပြည့်နေတဲ့
သူ့နာမည်နိဗ္ဗာန်ယာဉ်တဲ့
မြို့မှာဆို လူသံ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်ထားတယ်
ဟုတ်တယ်...
သုသာန်ဆိုတဲ့ ရပ်ကွက်မှာပေါ့...
မိုးလုံလေလုံ နေပါစေဆိုပြီး
အုတ်နဲ့ဆောက်ထားတဲ့ ခိုင်မာတဲ့အိမ်ကလေးလေ
မင်းနေတဲ့အကြောင်း လူတွေသိအောင်
ကျောက်တိုင်ကလေး ထောင်လို့ပေါ့
မင်းနာမည်နဲ့ အသက်မှတ်တမ်းလေးတပ်
မကျေနပ်သေးရင်....
မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်
မင်းခွဲသွားရင် ကိုယ်တစ်ယောက်တည်းရယ်လို့
စိုးရိမ်မနေပါနဲ့
တစ်ပင်လဲလို့ တစ်ပင်ထူတဲ့
ကိုယ် နောက်တစ်ယောက် ရှာယူလိုက်ပါ့မယ်
မင်းအတွက် ရင်ထဲက စေတနာသက်သက်မို့
အားနာပြီး မငြင်းလိုက်ပါနဲ့ကွာ..........။

No comments:

Post a Comment