ဗုဒ္ဓဘာသာ(၅)မျိုး၊

ကျွန်တော်တို့တွေသည် ဘာသာတရားအရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ကျွန်တော်တို့ဘုရားသည် သစ္စာလေးပါးကိုကိုယ်ပိုင် ဉာဏ်ဖြင့်သိမြင်ကာသဗ္ဗညုတဉာဏ်တော်ကို ရရှိခဲ့ပါတယ်။ ဘုရားရှင်က မိမိကိုယ် တိုင်သိမြင်တော်မူသကဲ့သို့ သတ္တ၀ါတို့ကိုလည်း သိတော်မူစေရန် (၄၅)၀ါ ကာလပတ်လုံး တရားတော်များဟောကြားတော်မူခဲ့ပါတယ်။ ဘုရားရှင်ဟောကြားခဲ့သောသစ္စာတရားတော်များအတိုင်း နားထောင်နိုင်ပြီ၊ လေးစားနိုင်ပြီ၊သိရမယ့်သစ္စာကို သိအောင်ကြိုးစားတယ်(ဒုက္ခသစ္စာ)၊ ပွားရမယ့်သစ္စာကိုရအောင်ပွားများတယ်(မဂ္ဂသစ္စာ)၊ ပယ်ရမယ့်သစ္စာကို ပယ်ပြီးတော့(သမုဒယသစ္စာ)၊မျက်မှောက်ပြုရ မယ့်သစ္စာကို မျက်မှောက်ပြုနိုင် အောင်(နိရောဓသစ္စာ)ကြိုးစားအားထုတ်ကြရင် ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါလိမ့်မည်။ ဘုရားရှင်ရဲ့ ၀ါဒသည် ၀ိဘဇ္ဇ၀ါဒ ဖြစ်ပါတယ်။ မြန်မာလိုပြောရရင် ကိုယ်ပိုင်ဉာဏ်သုံးကာဝေဖန်ပိုင်းခြားသော ၀ါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ငါးမျိုးရှိပါ တယ်။
(၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
(၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
ဤသုံးမျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ (သဒ္ဓါတရားကိုအရင်းခံ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၎င်းကို အလတ်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ဆိုပါသည်။
(၅) ပညာဓိကဗုဒ္ဓဘာသာ (ပညာဉာဏ်နှင့်ယှဉ်၍ကိုးကွယ်သော ဗုဒ္ဓဘာသာ)၊
၎င်းကို အထက်တန်းစားဗုဒ္ဓဘာသာ ဟုခေါ်ဆိုပါသည်။

No comments:

Post a Comment