တခါတုန်းက

ချစ်သူ အဖြစ်နဲ့
နင် ငါ့ ရင်ထဲ မွှေးခဲ့တယ်...
စမ်းချောင်းအလား
နင် ငါ့ကို အေးချမ်းစေခဲ့တယ်...
တွန်းအားတစ်ခုအနေနဲ့
နင် ငါ့ကို မြှင့်တင်ပေးခဲ့တယ်...
အရိပ်တစ်ခု
နင် ငါ့အတွက် ဖန်တီးပေးခဲ့တယ်...
လိုချင်မှုတွေ အတ္တတွေ တကိုယ်ကောင်းဆန်ခြင်းတွေ မာနတွေ
နင် ငါ့ကို အားလုံးသင်ပေးခဲ့တယ်.....
အခု နင် ငါ့ကို အထီးကျန်ခြင်းဆိုတာကို ပါ သင်ပေးမလို့လား....
မသင်ပါနဲ့ကွာ....ဒီ သင်ခန်းစာတော့ ကျောင်းပြေးခွင့်ပြုပါနော်....

No comments:

Post a Comment