ဗုဒ္ဓဝင် အကျဉ်းမှတ်စု


၁။ နိယတဗျာဒိတ်ပေးသောဘုရား - ဒီပင်္ကရာမြတ်စွာဘုရား
၂။ နိယတဗျာဒိတ်ပေးသောနေ့ - ကဆုန်လပြည့်နေ့
၃။ နိယတဗျာဒိတ်ရသောဘဝ - သုမေဓာ ရှင်ရသေ့
၎။ ပါရမီဖြည့် ကျင့်သောကာလ - လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာ မှ ဝေသန္တရာ ထိ)
၅။ ပါရမီတော်ဖြည့်ဘက် - သုမိတ္တာ ( ယသော်ဓရာအလောင်း )
၆။ ပါရမီတော် ကျင့်စဉ်များ - ပါရမီဆယ်ပါး၊ အပြားသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါ၊ စရိယသုံးပါး၊
၇။ ဖြည့် ကျင့် ခဲ့သောရည်ရွယ်ချက် - အများအကျိုးကိုဆောင်ရန်၊သတ္တဝါအများကိုကယ်တင်ရန်၊
၈။ ပါရမီတော် ခရီး၏နောက်ဆုံးဘဝ - ဝေသန္တရာမင်း
၉။ သန္ဓေတော်ယူမည့်ဘဝ - တုသိတာနတ်ပြည်၊ သေတကေတုနတ်သား၊
၁၀။သန္ဓေတော်ယူသောနေ့ - မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့၊
၁၁။ဖွားမြင်တော်မူသောနေ့ - မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၁၂။ဖွားမြင်တော်မူရာဌာန - ကပ္ပိလဝတ်ပြည်နှင့် ဝေဝဒဟပြည်ကြားရှိ လုမ္ဗိနီအင်ကြင်းတော
၁၃။ဖွားဘက်တော် ခုနစ်ဦး - ကာဠုဒါယီ၊ ယသော်ဓရာ၊ အာနန္ဒာ၊ဆန္န၊ ကဏ္ဍကမြင်း၊ရွှေအိုးကြီးလေးလုံး၊ မဟာဗောဓိပင်
၁၄။နာမည်တော် - သိဒ္ဓတ္ထကုမာရ (အကျိုးစီးပွားကို ပြီးစေသောမင်းသား )
၁၅။ခမည်းတော်နာမည် -သီရိသုဒ္ဓေါဒနမဟာရာဇာ
၁၆။မယ်တော်နာမည် - သီရိမဟာ မာယာဒေဝီ
၁၇။မိထွေးတော်နာမည် - မဟာ ပဇာပတိဂေါတမိ
၁၈။ကြင်ယာတော်နာမည် - ယသောဓရာ ( ဘဒ္ဒကဉ္ဖနာ )
၁၉။သားတော်နာမည် - ရာဟုလာ
၂၀။နေပြည်တော် - မဇ္ဈိမဒေသ၊ သက္ကတိုင်း၊ ကပိလဝတ်ပြည်
၂၁။နန်းစံနှစ် - သက်တော် ၁၆ မှ၂၉ ထိ ( ၁၃ နှစ် )
၂၂။နန်းမသုံးဆောင် - ရမ္မ၊ သုဘ၊ သုရမ္မ
၂၃။နိမိတ်ကြီးလေးပါး - သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၂၄။တောထွက်တော်မူသောနေ့ - မဟာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနလာင်္နေ့
၂၅။ဒုက္ကရစရိယာကျင့်သောနှစ် - ၉၈ မှ ၁၀၃ ထိ ( ၆ နှစ် )
၂၆။ဒုက္ကရစရိယာကျင့်သောနေရာ - ဥရုဝေလတော
၂၇။အလုပ်အကျွေး - ပဉ္စဝဂ္ဂီငါးဦး - (၁) ကောဏ္ဍည၊(၂) ဝပ္ပ၊(၃) ဘဒ္ဒိယ၊(၄) မဟာနာမ်၊(၅) အဿဇိ၊
၂၈။ဗုဒ္ဓဖြစ်တော်မူသောနေ့ - မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့
၂၉။ဗုဒ္ဓဖြစ်တော်မူသောအချိန် - ကဆုန်လပြည့်နှင့် လပြည်ကျော်တစ်ရက်ကူးလုဆဲ၊ အာရုဏ်တတ်အချိန်
၃၀။ဗုဒ္ဓဖြစ်တော်မူသောနေရာ - ဖွားဘက်တော် ဗောဓိပင်ရင်း အပ္ပရာဇိတပလ္လင်တော်
၃၁။ဓမ္မစကြာတရားဟောသောနေ့ - မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၂။ဓမ္မစကြာတရားဟောသောနေရာ - ဗာရာဏသီပြည်အနီး၊ဣသိပတန မိဂဒါဝုန်တော
၃၃။တရားဟောတော်မူသောနှစ် - ၄၅ နှစ် ( ၄၅ ဝါ )
၃၄။ နေ့စဉ်တရားဟောသောအချိန် - သတ္တဝါများအတွက်နေ့စဉ် နာရီ ၂၀ ကျော်ခန့်
၃၅။ ဟောကြားခဲ့သောတရားတော်များ - ဝိနည်း၊သုတ္တာန်၊ အဘိဓမ္မာ
၃၆။ အဆုံး အမ သာသနာတော်သုံးပါ - ပရိယတ္တိ သာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓ သာသနာ၊
၃၇။ ကျင့်စဉ် ( သိက္ခာ ) သုံးပါး - သီလ ကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်
၃၈။ ချမှတ်ပေးခဲ့သောလမ်းစဉ် -မဂ္ဂင်လမ်းစဉ် ( မဇ္စျိမ ပဋိပဒါလမ်းစဉ် )
၃၉။ သစ္စာလေးပါတရား - (၁) ဆင်းရဲခြင်း အမှန်တရား ( ဒုက္ခသစ္စာ )
(၂) ဆင်းရဲကြောင်းအမှန်တရား(သမုဒယသစ္စာ)
(၃) ဆင်းရဲချုပ်ရာအမှန်တရား(နိရောဓသစ္စာ)
(၄) ဆင်းရဲချုပ်ကြောင်းအမှန်တရား(မဂ္ဂသစ္စာ)
၄၀။ နောက်ဆုံးသက်တော်၊ဝါတော် - သက်တော် ၈၀၊ ဝါတော် ၄၅၊
၄၁။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊အင်္ဂါနေ့
၄၂။ ပရိနိဗ္ဗာန်စံတော်မူသောအချိန် - အရုဏ်တက်ချိန်
၄၃။ ပရိနိဗ္ဗာန် စံတော်မူသောနေရာ - ကုဿိန္နာရုံ ပြည်၊ အင်းကြင်းဥယျာဉ်
၄၄။ တေဇောဓာတ်လောင်သောနေ့ - မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ တနင်္ဂနွေနေ့
၄၅။ ကြွင်းကျန်ခဲ့သောဓာတ်တော် - ဓာတ်တော် ၄ ဆူ၊ ညှပ်ရိုးတော် ၂ ဆူ၊သင်းကျစ်တော် ၁ ဆူ၊ အသမ္ဘိန္နဓာတ်တော်( မပြို မကွဲ ပကတိဓာတ်တော် ) ၇ ဆူ နှင့် အသားတော်၊
အသွေးတော်၊ အရိုးတော် တို့သည်မုန်ညင်းစေ့ ပမာဏ၊ ဆန်ကျိုးပမာဏအစိတ်စိတ် ကွဲပြီး ဓာတ်တော်၊ မွေတော် ရှစ်စိတ်( နှစ်တင်း) ခန့်ကြွင်းကျန်သည်။
( အစိတ်စိတ်ကွဲ သောဓာတ်တော် ကို သမ္ဘိန္န ဓာတ်တော်ဟုခေါ်သည်။ )

No comments:

Post a Comment