(၁) လူအများကြား၌ ကြွားကြွားဝါ၀ါ နေနိုင်ခြင်း
(၂) ကိုယ်မရှိရင် သူပေး သူမရှိရင် ကိုယ်ပေး စွာနေနိုင်ခြင်း
(၃) ငှက်ပျောတုန်းဖက်သေစရာ မလိုခြင်း
(၄) ဟုတ်ဟုတ် မဟုတ်ဟုတ် လူရှိန်နေခြင်း
(၅) ကိုကို ၊ မောင် ၊ ချစ် ၊ မ ၊ မေ လို့ ယုယစွာ
စကားလုံးများအကန့်အသက်မရှိ ပိုင်ဆိုင်စေခြင်း
(၆) Web site ပေါ်တွင်ကဗျာ များသစ်လွင်နေခြင်း နှင့် လန်းဆန်းတက်ကြွနေခြင်း
(၇) လက်သည်းခြေသည်း ရှည်ခြင်းမှကင်းဝေးစေခြင်း နှင့် တစ်ကိုယ်ရေ
သန့်ရှင်းမှု ရှိခြင်း
(၈) ရည်းစားမရှိသူအား နှိမ်၍ မင်းမှာရောရည်းစားရှိလို့လားလို
့ မေးလို့ရခြင်း
(၉) ဆောင်းတွင်းဖြစ်သည့်တိုင်အောင် အနွေးထည် ၀ယ်ရသည့် ပိုက်ပိုက် သက်သာစေခြင်း
(၁၀) ပိုက်ဆံချေးလို့ရခြင်း နှင့်
(၁၁) နောက်ဆုံးရုံတင် ရုပ်ရှင်ကားများ အဆက်မပြက် ကြည့်ရခြင်း တို့ပဲ ဖြစ်ပါသည်။
Showing posts with label အချစ်. Show all posts

လူငယ်များ၏ ရည်းစား မရှိခြင်းကောင်းကျိုး (၁၁) ချက်
(၁) Online ဖိုးပိုက်ဆံ အကုန်အကျသက်သာခြင်း
(၂) အပို့အကြိုကိစ္စ ဖြစ်သော ဖယ်ရီ မရှိခြင်း
(၃) အချော့ရသက်သာခြင်း စိတ်ပင်ပန်းဆင်းရဲမှုမှ ကင်းဝေးစေခြင်း
(၄) မုန့်ဖိုးအား လောက်ငှစွာ သုံးစွဲလို့ရခြင်း
(၅) အချိန်မရွေးနေရာမရွေး လွတ်လပ်စွာနေထိုင်နိင်ခြင်း
(၆) အစားမှန် အအိပ်မှန် အထမှန်ခြင်း နှင့် ကျန်းမာရေးကောင်းနေခြင်း
(၇) အိမ်မှ ဖုန်းဘေ ငွေနှုန်းများ သက်သာလာခြင်း
(၈) ပါးစပ်အားနံစေသော ဆေးလိပ် ၊ ကွမ်းယာ ၊ သေရည် ၊ ဒညင်းသီးများအား
အချိန်မရွေး စားသုံးလို့ရခြင်း
(၉) ရည်းစာမရှိ၍ သူငယ်ချင်းအား ရင်မဖွင့်ရသဖြင့် သူငယ်ချင်းဖြစ်သူက
နားညီးသက်သာသောကြောင့် သင့်အား အလိုက်အသင့် ဆက်ဆံခြင်း
(၁၀) ရည်းစားမရှိပါက ဘီယာတိုက်တဲ့ ပိုက်ပိုက် သက်သာစေခြင်း
(ဘီယာတိုက်ပြီး ရင်ဖွင့်တဲ့သူရှိလို့ပါ)
(၁၁) ရည်းစား၏ နားပူနားစာ ၊ အမိန့်များ ကင်းဝေးခြင်း တို့ဖြစ်ပါသည်။
Valentine
လူသားတိုင်း စိတ်ဝင်စားကြတဲ့ အချစ်နဲ့ပတ်သတ်ဆက်နွယ်နေသူတစ်ယောက် (ဒါမှမဟုတ်) အများအပြား ရှိနေကြပါလိမ့်မယ် …ဒါပေမယ့် ခုအချိန်ထိ အားလုံးသိထားသူတစ်ယောက် … သူကတော့“ချစ်သူများနေ့”ဆိုတဲ့ နေ့ကလေးကို ဖန်တီးထူထောင်ခဲ့တဲ့ သူလဲဖြစ်ပါတယ် …
လူတိုင်း စိတ်ဝင်စားပါတယ်ဆိုတဲ့ သူ့အကြောင်းကို နှစ်၊ လတွေပြောင်းလဲလာတာနဲ့အမျှ တင်စားပြောဆိုတဲ့ ဒဏ္ဍာရီတွေပါ ပြောင်းလဲလာခဲ့ပါတယ် …စကားလုံး ရွေ့လျားမှုတွေနောက်မှာ သူ့သမိုင်းဟာလဲ ပွားများလာခဲ့ပါရဲ့ …ဘာပဲဖြစ်ဖြစ် ချစ်သူတွေ၊ ချစ်ခဲ့သူတွေ၊ အချစ်ခံခဲ့ရသူတွေအားလုံးအားလုံးကတော့ သူ့ကို လေးစားကြတယ် … သူ့ကို နားလည်ကြတယ် …သူ့ကိုချစ်ခင်ကြတယ် … သူ့အကြောင်းတွေ သိချင်ကြပါတယ် …
ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine’sDayအကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင် အကြီးအကဲစိန့်ဗယ်လင်တိုင်း (St. Valentine)ရဲ့ ရောထွေးတိမ်မြုပ်နေတဲ့ သမိုင်းကိုပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါလိမ့်မယ် … ယေဘုယျအားဖြင့်တော့ဖေဖော်ဝါရီလဆိုတာ အချစ်ရည်၊ အချစ်သွေးတို့ လွှမ်းခြုံနေပြီးချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပြယုဂ်ကာလလို့ သိထားလေ့ ရှိကြပါတယ် …ဒီနေ့ခေတ်မှာ လူတွေနားလည်ထားတဲ့ St. Valentine’s Day နေ့ထူးနေ့မြတ်ကြီးဟာရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ် ပြုရတဲ့ အထိမ်းအမှတ်နေ့တစ်နေ့လည်း ဖြစ်ခဲ့ပါတယ်။
ဒဏ္ဍာရီ (၁)
ဒီနေ့ခေတ်မှာ ကတ်သိုလစ် ဘုရားကျောင်းတွေကသိနားလည်ထားကြတာကတော့ Valentineလို့ အမည်တွင်ခဲ့တဲ့ သူတော်စင် (၃)ပါးရှိခဲ့ပါတယ်တဲ့။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတဲ့ ဇာတ်လမ်းအရ Valentineဆိုတာ(၃)ရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီးအဲဒီဘုန်းတော်ကြီးဟာ ကလောဒီးယပ်စ်(၂) ဘုရင်လက်ထက်မှာ သက်ရှိထင်ရှားရှိခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ဆိုပါတယ်။ ဘုရင်ကလောဒီးယတ်စ်ဟာတိုင်းပြည်မှာရှိတဲ့ အိမ်ထောင်သည်တွေကို စစ်တပ်အတွက် မရွေးချယ်ဘဲလူပျိုလူလွတ်တွေကို စစ်မှုထမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တိုင်းပြည်ကလူပျိုတွေခမျာ သူတို့ရဲ့ ချစ်သူကြင်သူတွေနဲ့ ဝေးကွာရတဲ့ စိတ်ဒုက္ခကိုခံစားနေခဲ့ရရှာတယ်။ ဘုရင်ကလဲ လူပျိုတွေ အိမ်ထောင်မပြုရဘူးလို့အမိန့်ထုတ်ထားတာကိုး။ လူငယ်တွေရဲ့ သနားစရာအဖြစ်ကို မြင်တွေ့ရတဲ့ သူတော်စင်Valentineဟာ ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာချပြီး ဥပဒေ အပြင်ဘက်ကနေစစ်မှုထမ်းသူ လူငယ်လေးတွေကို သူတို့ရဲ့ ချစ်သူတွေနဲ့ တိတ်တဆိတ်လက်ထပ်ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို သိသွားတဲ့အခါဘုရင်ကလောဒီးယတ်စ်တစ်ယောက် ဒေါသပေါက်ကွဲပြီး Valentineကိုသေဒဏ်ချမှတ်ခဲ့ပါတော့တယ်။
ဒဏ္ဍာရီ (၂)
နောက်ထပ် ရာဇ၀င်တစ်ခုကတော့ သူတော်စင် Valentineဟာအကျဉ်းခံရသူတွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့အကျဉ်းသား Valentineဟာ သူ့ဆီကို မကြာခဏ အလည်လာတွေ့တဲ့ ထောင်မှူးသမီးနဲ့ချစ်ကြိုးသွယ်မိခဲ့တယ်။ ထောင်ထဲမှာ သူမသေဆုံးခင် စာတစ်စောင်ကိုချစ်သူအတွက် ချန်ထားခဲ့ရာမှာ “From Your Valentine”ဆိုပြီးလက်မှတ်ရေးထိုးခဲ့ပါသတဲ့။ ဒီနေရာမှာ သူရေးခဲ့တဲ့ စာအရေးအသားဟာခုခေတ်ရင်ဖွင့်စာတွေမှာ တွေ့နေရတဲ့ အသုံးအနှုန်းနဲ့ သွားပြီးတူညီနေတာတွေ့ရပါတယ်။ ဒီတော့ ပထမဆုံးသော ချစ်သက်လက်ဆောင်ကို Valentineကပေးပို့ခဲ့တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ဒဏ္ဍာရီ (၃)
အလယ်ခေတ်လောက်ကValentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့အင်္ဂလန်နိုင်ငံတွေမှာ တော်တော်လေးခေတ်စားလာခဲ့ပြီး အယူအဆအမျိုးမျိုးလဲဆင့်ပွားပေါ်ပေါက်လာခဲ့ပါတယ်။တချို့ကတော့ St. Valentineဟာ ခေါင်းဖြတ်ပြီးအသတ်ခံရတယ်လို့ယုံကြည်နေကြပြီး နောက်ထပ်လူပြောများတာတစ်ခုက Valentineရဲ့ရုပ်ကြွင်း(ဒါမှမဟုတ်) အရိုးပြာကို အိုင်ယာလန်နိုင်ငံက ဘုန်းတော်ကြီးJohnSprattအတွက် ပုပ်ရဟန်းမင်းကြီး George XVIကလက်ဆောင်အဖြစ်ပေးအပ်ခဲ့တယ်ဆိုတာပါပဲ။ အိုင်ယာလန် ဘုန်းတော်ကြီးဟာတရားဟောအရမ်းကောင်းတဲ့အတွက် ပုပ်ရဟန်းမင်းကြီးက အထင်ကြီးလေးစားမိပါသတဲ့။ဒါကြောင့်လဲ ရွှေကွပ်ထားတဲ့ အနက်ရောင် ကြုတ်ကလေးထဲမှာထည့်ထားတဲ့ သူတော်စင်Valentineရဲ့ အရိုးပြာကို ပေးအပ်လိုက်တယ်လို့သိရပါတယ်။အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့၊ Whitefriarလမ်းက ဘုရားကျောင်းမှာပြသထားတဲ့ အဲဒီကြုတ်ကလေးကို Valentine’s Dayရောက်လာတိုင်းလူတွေကသွားရောက်ကြည့်ရှုလေ့ ရှိကြပါတယ်တဲ့။

အချစ်လေးမျိုး
အချစ်လေးမျိုးရှိတယ်တဲ့....
1. ego love
2. one sided love
3. blind love
4. true love
Ego love
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲဒါ ego love
ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီးပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...
One sided love
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာတွေကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မကြာခင်မှာ ဆက်ဆံရေးက
အက်ကြောင်းထင်လာတတ်ပါတယ်...
Blind love
ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့
အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind love
ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး....အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
True love
နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ
မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင်
မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love က
နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့
လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... true love ကတော့
နှစ်တွေဘယ်လောက်ကြာကြာ
မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်...သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင်.....
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်
သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...

ဘယ်လောက်ချစ်ကြောင်းကိုပြောလိုက်ပါ
ပေါင်းသင်းခဲ့တာ နှစ်ပေါင်း၃၀ ရှိပြီဖြစ်တဲ့ လင်မယားစုံတွဲအို က ရှေ့နေဆီသွားပြီး ကွာရှင်းဖို့စီစဉ်နေကြတယ်။ သူတို့တွေ လက်ထက်ပြီးကတည်းက သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်ခဲ့တာဟာခုချိန်ထိပါပဲ။ ခုတော့ သားသမီးတွေက ကြီးလာကြပြီ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ကြပြီဆိုပြီး ကွာရှင်းဖို့ဖြစ်လာကြတယ်။ အိုမင်းပြီဖြစ်တော့ အေးအေးချမ်းချမ်းနဲ့ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းဖို့ သဘောတူကြတယ်။ ကွာရှင်းအပြီး ရှေ့နေ၊ အဘိုးကြီး နှင့် အဘွားကြီးတို့ နောက်ဆုံးညစာကိုအတူစားကြတယ်။ စားနေခိုက်မှာ ကြက်ကင်လာချတော့ အဘိုးကြီးက ချက်ချင်းကို ကြက်ပေါင်ယူပြီး အဘွားကြီးကိုပေးလိုက်တယ် `ရော့ မင်းအကြိုက်ဆုံး ကြက်ပေါင်´။ ရှေ့နေက အော် သူတို့ ချစ်ကြပါသေးတယ်။ ကွာရှင်းတာပြန်ရုပ်သိမ်းကောင်းရုပ်သိမ်းလိုက်မယ်လို့ စဉ်းစားတယ်။ ဒါပေမဲ့ အဘွားကြီးက `ငါနင့်ကိုချစ်တယ်။ ဒါပေမဲ့ နင့်ရဲ့အချစ်က ကိုယ်ထင်တာကိုပဲလုပ်တယ် ငါ့ရဲ့စိတ်ကိုနားမလည်ဘူး။ နင်ပြောရင် နင်လုပ်ရင် ဘာမဆိုဟုတ်နေတာပဲ။ ငါ့ရဲ့ခံစားချက်ကို မထည့်တွက်ဘူး။ နင်မသိဘူးလား ကြက်ပေါင်ဆိုတာ ငါ့အမုန်းဆုံးပဲလေ။´
အဘိုးကြီးက `မင်း က ငါမင်းကိုချစ်တဲ့စိတ်ကို မင်းလုံးဝနားလည်မှုမပေးခဲ့တာ။ မင်းသဘောကျအောင် ငါဘာလုပ်ရမလဲ ဆိုတာကို ငါအမြဲစဉ်းစားနေတာ။ ငါအကြိုက်ဆုံး အကောင်းဆုံးကို မင်းအတွက် ငါချန်ထားပေးတယ်။ ကြက်ပေါင်ဆိုတာ ငါအကြိုက်ဆုံးကွ´ ။
ဒီလောက်ချစ်ကြတဲ့ လင်မယားက ကွာရှင်းကြပြီ။ ၀မ်းနည်းခြင်းများစွားနဲ့ လမ်းခွဲပြီး အိမ်ကို ပြန်သွားကြတယ်။
အဘိုးကြီးအိပ်မပျော်ဘူး။ အိပ်ယာထဲမှာ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နဲ့ ရင်ထဲမှာ အရမ်းခံစားနေရတယ်။ အဘွားကြီးကို အရမ်းသတိရမိနေတယ်။ ယူကျုံးမရတွေဖြစ်နေတယ်။ စဉ်းစားရင်းနဲ့ သူအဘွားကြီးကို သူဖုန်းဆက်ပေးတယ်။ အဘွားကြီးသိတယ် အဘိုးကြီးပဲဆက်လာမယ်ဆိုတာကို ဖုန်းမကိုင်ပဲ အဘိုးကြီး သူ့အပေါ်နားမလည်တာတွေကို တွေးပြီး စိတ်ဆိုးနေတယ်။ အဘိုးကြီးအသံ သူမကြားချင်ဘူး။ ဖုန်းသံကအကြာကြီးကိုမြည်နေခဲ့တယ်။။ အဘွားကြီးမကိုင်ဘူး။ မာနတစ်ခုနဲ့ပေါ့။ သူဖုန်းကြိုးကိုဖြုတ်လိုက်တယ်။ အဘိုးကြီးကတော့ အေးစက်နေတဲ့ဖုန်းကို ကိုင်ပြီး အဘွားကြီးအသံကိုကြားရဖို့ မျှော်လင့်နေတယ်။ ရင်ဘက်ကို ဓါးနဲ့လာခွဲထားသလို သူခံစားနေရတယ်။ ဘယ်လိုမှခံစားလို့မရတော့ဘူး။ အမှန်တော့ အဘွားကြီးလဲ အရမ်းကိုဝမ်းနည်းနေတာပေါ့။ ဒါပေမဲ့ အဘိုးကြီးမှာ နှလုံးရောဂါရှိတာကို မေ့သွားတယ်။
နောက်တရက်မနက်မှာ အဘိုးကြီး ဖုန်းလေးကိုင်ပြီး ဧည့်ခန်းမှာ ဆုံးသွားတယ်။ အဘွားကြီး ဘယ်လိုမှမယုံနိုင်လောက်အောင်ဖြစ်သွားတယ်။ သူ့မာနတစ်ခုနဲ့……။ မာနကြောင့် သူရဲ့အချစ်ဆုံးလူတစ်ယောက် သေဆုံးသွားတယ်။ သူဘယ်လိုအော်ခေါ်နေပါစေ အဘိုးကြီးမကြားတော့ဘူး။
အဘိုးကြီးသူ့အတွက်ချန်ထားခဲ့တဲ့ သေတမ်းစာဖြစ်တယ်။ အဘွားကြီးနံမည်နဲ့ ငွေစုစာအုပ်တစ်အုပ် သူတို့ လက်ထက်စက သိန်း၁၀၀ ရှိတဲ့ ငွေစုစာအုပ်နဲ့ပေါ့။ စာထဲမှာ “ ဒီစာကိုဖတ်တဲ့အချိန်ငါအဝေးတစ်နေရာမှာပေါ့။ မင်းအပေါ်ဂရုစိုက်တဲ့စိတ်ကတော့ မပေါ့သွားပါဘူး။ မင်းတစ်ယောက်ကိုပဲ တကယ်ကို စွဲစွဲလန်းလန်းချစ်ခဲ့တယ်။ ဒီငွေတွေကလည်း ငါ့ကိုယ်စား မင်းကို ဂရုစိုက်နိုင်ပါစေလို့ ရည်ရွယ်ပြီးထားခဲ့တာပါ။ မင်းကို ထာဝရချစ်တဲ့….”
စာကိုဖတ်ပြီးနောက် အဘွားကြီးအစကထင်ထားတဲ့ လူပေါင်းမှားပြီဆိုတဲ့အတွေးကို သူ့ကိုသူအပြစ်တင်နေတယ်။ သူလူပေါင်းမမှားပါဘူး။ လူရွေးလဲမမှားပါဘူး။ သူ့ကို ထာဝရမြတ်နိုးတဲ့သူကို သူပိုင်ဆိုင်ခဲ့တာပါ။
ကိုယ့်ရဲ့မာနတွေကိုချသင့်ရင်ချ။ နားလည်မှုတွေနဲ့ ခွင့်လွတ်မှုတွေနဲ့ လွမ်းခြုံထားလိုက်ရင် အပြစ်တွေမြင်နေမှာမဟုတ်ဘူး။ မဟုတ်ရင် သင်သိပ်ချစ်ရတဲ့သူရဲ့ ငါမင်းကိုသိပ်ချစ်တာပဲ ဆိုတဲ့ နောက်ဆုံးစကားတောင် သင်ကြားလိုက်ရမှာမဟုတ်ပါဘူး။
နောက်တစ်ခု နှိုးဆော်ချင်တာကတော့ သင့်ရဲ့အခွင့်အရေးတွေကို လက်လွတ်မဆုံးရှုံးစေပါနဲ့။ သူ့သိသွားအောင် ရဲရဲဝံ့ဝံ့နဲ့ ဘယ်လို ဘယ်လောက်ချစ်ကြောင်းကိုပြောလိုက်ပါ။ သူလက်ခံမယ်ဆိုရင်ပေါ့..............။

ချစ်သူကို sorry မပြောကြေး
ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ … ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry ............
ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ့ သူတို့ ကြီးပြင်းလာကြတယ်။
ကောင်မလေးရဲ့ အအော်အငေါက်တွေကို ခံရင်း စလိုက်ချော့လိုက်နဲ့ ….
ကောင်လေးအရမ်းကို ချစ်မိနေပြီ…..ကောင်မလေးရဲ့ စက်ဘီးလေကိုလျော့ပြီး ကောင်မလေးနားမှာနေခွင့် ရအောင် ကောင်လေးဖန်တီးခဲ့တယ်….
ကောင်လေးစက်ဘီးလေးကို တွန်းရင်း ကောင်မလေးက ငြီးငြူတယ်….
ဒါနဲ့ ကောင်လေးက “sorry ပါ.. ငါမှားပါတယ်….”
ကောင်မလေးက နောက်ဆိုဒီလိုမလုပ်ဖို့ပြောတယ်…ကောင်လေးခေါင်းကလေးကိုညိမ့်ပြီး သူတို့ရဲ့ အပြုံးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတယ်…ပျော်ရွှင်ခြင်းရဲ့ sorry..........
ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့ အချိန်တွေနည်းလာတယ်….
ကောင်မလေးနဲ့ ပထမအကြိမ်ရန်ဖြစ်ကြတယ်… ကောင်လေးက အလုပ်အတွက်လို့ပြောတော့ ကောင်မလေးအလျော့ပေးလိုက်တယ်… ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့…..
ကောင်မလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ကတိပေးခဲ့တဲ့ ကောင်လေးဟာ ကောင်မလေး စောင့်တာ မနက်ရောက်တော့ မျက်ရည်စက်နဲ့အတူ အိပ်ပျော်သွားခဲ့တယ်…
မျက်ရည်စက်နဲ့ အိပ်မောနေတဲ့ ကောင်မလေးကို သူအရမ်းသနားသွားတယ်….
“sorry ငါ့ကိုလက်ထက်ခွင့်ပေးပါလား”.......ချိုမြန်တဲ့တာဝန်ယူမှုရဲ့ sorry............
လက်ထက်ပြီးနောက် ကောင်လေးအလုပ်အကိုင်တွေအရမ်းအောင်မြင်လာတယ်… အမြဲတမ်း ဧည့်သည်တွေနဲ့ ညစာစားလိုက်နဲ့ အိမ်မှာပြင်ထားတဲ့ ထမင်းတွေကိုသွန်ပစ်လိုက်ရတဲ့ အထိ….
ကောင်မလေး ဈေးကနေ ပုဇွန်းလေးတွေ ၀ယ်လာပြီး ငယ်စဉ်ကို အောက်မေ့ပြီး မွေးထားတယ်…
ဒီလိုနဲ့ ကောင်လေးပြန်လာရင် ရေမွေးနံ့တွေပါပါလာတယ်….
ကောင်မလေးမေးတာကို ကောင်လေးက “ဟာ…ဧည့်သည်တွေများလို့ပါ…”
ကောင်မလေး အဲဒီကနေစပြီး စကားသိပ်မပြောတော့ဘူး….အရင်တုန်းက ကောင်မလေးမဟုတ်တော့ဘူး…
ကိုးရီးယားဇာတ်ကားတွေကို ကြည့်ရင်း ခံစားရင်း ငိုရင်း နဲ့ ……ကောင်လေးပြန်လာရင်လဲမမေးတော့ဘူး..
ဒါနဲ့ ကောင်လေးက “အလုပ်အရမ်းများတော့ ထမင်းသွားသွားစားနေရတယ် အလုပ်သဘောတွေပေါ့.. sorryပါ”
လိမ်ညာခြင်းရဲ့ sorry...........
ဒီလိုနဲ့ ကောင်လေးမပြန်လာတဲ့ညတွေများလာတယ်။ အိမ်ပြင်မထွက်.. တစ်ယောက်ထဲ အထီးကျန်နေတယ်….. ကောင်လေးကို ဖုန်းဆက်ပေးတော့…“sorry အလုပ်အရမ်းရှုပ်နေတယ်” ကောင်မလေးဖုန်းချလိုက်ရတယ်…. ဒါနဲ့ ကောင်လေးဘယ်အချိန်ပြန်လာမှာကို သူဖုန်းဆက်မမေးတော့ဘူး။.........ဖုန်းကွယ်ခြင်းရဲ့ sorry...........
ကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်.. အော် ကောင်လေး သူ့အပေါ် ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျော်ရွှင်မှုကို သူဖန်တီးယူမယ်။ ဒါနဲ့ သူတစ်ခါမှာမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကိုသွားခဲ့တယ်။ ကောင်လေးရဲ့အောင်မြင်မှုတွေကို သူတအံ့တသြနဲ့ ကြည့်ရင်း ကောင်လေးရုံးခန်းဆီကို သူဦးတည်သွားခဲ့တယ်….ကောင်လေးအံ့သြသွားအောင် တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်…
သူတွေ့တာတော့ ပုဇွန်တွေကို လာပေးတဲ့ အရင်ကကောင်လေးမဟုတ်ဘူး….
အခြားကောင်မလေးနဲ့ ဖောက်ပြန်နေတဲ့…. အသိတရားမရှိတော့တဲ့ လူကို သူတွေ့တော့ … ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်…
အတော်ကြာမှ ကောင်လေးသတိထားမိသွားတယ်… ကောင်မလေးထွက်ပြေးသွားတယ်… ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက်ပြေးလိုက်တယ်….ကောင်လေးအော်နေတာကို မကြားနိုင်တော့ဘဲ ပြေးသွားတယ်
“sorry ငါနင့်ကိုပဲချစ်တာပါ sorry ပါ”
နာကျင်မှုတွေပေးတဲ့ sorry
ကောင်လေးကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင်ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄ ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ…
တရက်မှာ ကောင်လေးဘူးတစ်ခုလက်ခံရရှိတယ်…
ဖွင့်ကြည့်လိုက်တော့ … ပုဇွန်ပုံတွေကို မျိုးစုံပါပဲ….. ဘေးနားမှာ စာတစ်စောင်ကိုတွေ့တယ်။
“ ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို မတွေ့ချင်တာလဲဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲထင်တယ်။ နင်မရှိတဲ့နေ့ရက်တွေကို ငါဖြတ်သန်းနိုင်စွမ်းရှိသွားပြီ။ ငါရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်း ဖြတ်သန်းနေရတဲ့နေ့ရက်တွေကနေ ငါလွတ်မြောက်လာခဲ့ပြီ။ ငါဖုန်းလဲမကိုင်တော့ဘူး။ နင့်အတွက်နဲ့ ငါဖုန်းမပိတ်ပဲ နင့်ဖုန်းကိုမျှော်နေရတဲ့ညပေါင်း…. ခုတော့ ငါကိုယ်ကို တန်ဖိုးထားတတ်သွားပြီ။ ငါနင့်ကို မေ့သွားနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့နှလုံးသားကို ပြန်ဆက်လို့မရအောင် အစိတ်စိတ်အမြွှာမြွာခွဲချေခဲ့တယ်။ ငါ့အချစ်တွေ ပြာကျသွားပြီ။
ကွာရှင်းစာချုပ်လဲထည့်ပေးလိုက်တယ် လက်မှတ်ထိုးပြိး ဒီလိပ်စာအတိုင်းပြန်ပို့ပေးလိုက်ပါ။”
Sorry ငါပင်ပန်းသွားပြီ”
နိဂုံးချုပ်လိုက်တဲ့ sorry
ကောင်လေးမျှော်လင့်ရင်း............
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း..............

.....
တကယ်တော့ အချစ်ဆိုတာ တမ်းတခြင်း တမျိုးပါ..သူမရှိရင် မရှိဘူးလို့ ထင်စေနိုင်တဲ့အရာပေါ့....
နောက်..ဘယ်တော့မှ မရူံးနိမ့်နိုင်တဲ့ အနိုင်ယူလို့မရတဲ့ ဘ၀ ရံ့ ပြိုင်ဘက်တစ်ဦးပါ

ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
11. ဒေါသနဲ့ စကားမပြောပါနှင့်
12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို
မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
24. အခွင့်အရေးရတိုင်း မယူပါနှင့်
25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
ချစ်လားမချစ်လားသိဖို့အတွက်နည်း လမ်း ၁၂ သွယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်းသင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့ အခါမှာသင်ခြေလှမ်းတွေနှေးနေလိ မ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိ မ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မ ယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ် ။ သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ နလိမ့်မယ်။ သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးေ နလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာ ကြောင့် သင်ဟာ နံပါတ် ၇ကျန်ခဲ့တာကိုသတိထားမိမှာမ ဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ြ ပီးသင်ဟာသင်ကြိတ်ပြီးရယ်နေ လိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပါနော် ။
အော်..ဒါနဲ့ ..စကားမစပ်ပေါ့နော်..
တောင်အမေရိက..ကသိပ္ပံပညာရှင်တွေ
ရဲ့သုတေသနတွေရှိချက်တစ်ခုကတော့
ဥာဏ်ရည်နိမ့်တဲ့သူတွေက Mouse ပေါ်လက်တင်ပြီးစာဖတ်တက်သတဲ့..
ခုမှလက်ချမနေပါနဲ့လေ..နောက်ကျသွားပါပြီလေ..

Subscribe to:
Posts (Atom)