Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts


ဒီတသက် တို့ မခွဲဘူးတဲ့..
မင်းဘဲ ပြောပြတတ်ခဲတဲ့ ပုံပြင်တွေ
အသက်ရူမှားလောက်ဖူးတဲ့ မင်းရဲ့ အသံလေးတွေ..
အားလုံးပြီးပြည်စုံလောက်တဲ့ အချစ်ဆိုတာ မင်းဆီမှာဘဲ ရှိတယ်တဲ့
.... ... ...
နောက်ဆုံးတော့ ....
လွမ်းတယ်ကွာ လွမ်းလွန်းလို့
အသဲတွေ ကွဲကွာ ကွဲသွားစမ်းပါ.. ကွဲပြီးလို့ တစဆီကောက်
နောက်ဆုံးတော့ မင်းနောက်ဘဲ ရောက်ခဲ့ရပြန်တယ်...

တခါတုန်းက

ချစ်သူ အဖြစ်နဲ့
နင် ငါ့ ရင်ထဲ မွှေးခဲ့တယ်...
စမ်းချောင်းအလား
နင် ငါ့ကို အေးချမ်းစေခဲ့တယ်...
တွန်းအားတစ်ခုအနေနဲ့
နင် ငါ့ကို မြှင့်တင်ပေးခဲ့တယ်...
အရိပ်တစ်ခု
နင် ငါ့အတွက် ဖန်တီးပေးခဲ့တယ်...
လိုချင်မှုတွေ အတ္တတွေ တကိုယ်ကောင်းဆန်ခြင်းတွေ မာနတွေ
နင် ငါ့ကို အားလုံးသင်ပေးခဲ့တယ်.....
အခု နင် ငါ့ကို အထီးကျန်ခြင်းဆိုတာကို ပါ သင်ပေးမလို့လား....
မသင်ပါနဲ့ကွာ....ဒီ သင်ခန်းစာတော့ ကျောင်းပြေးခွင့်ပြုပါနော်....

ကဗျာ

ချစ်သူ...
အများတကာတွေထက် သာချင်တဲ့မင်းအတွက်
ကိုယ့်ရဲ့အစီအစဉ်တွေကို ပြောပြမယ်
ပန်းတစ်ပွင့်အတွက်...
ရင်ခုန်တတ်ကြတဲ့ မိန်းကလေးတွေထဲက
ချစ်သူ့အတွက်...
အများနဲ့မတူအောင် ပန်းတစ်ခွေ စီစဉ်ထားတယ်
ကိုယ့်ခံစားချက်တွေနဲ့
ကဗျာဆန်ဆန် နာမည်ပေးလိုက်သေးတယ်
လွမ်းသူ့ပန်းခွေတဲ့...
မာစီဒီးမှ စီးချင်တဲ့မင်းအတွက်
မာစီဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ
မင်းအတွက် ကိုက
အိပ်ပြီးစီးလို့ရတဲ့ကားမျိုး စီစဉ်ထားတယ်
မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့
ကိုယ့်ဆုတောင်းလေးတွေ ပြည့်နေတဲ့
သူ့နာမည်နိဗ္ဗာန်ယာဉ်တဲ့
မြို့မှာဆို လူသံ၊ ကားသံတွေနဲ့ ဆူညံနေလိမ့်မယ်
မင်းအတွက် စိတ်ငြိမ်ရပ်ကွက်မှာ
မြေတစ်ကွက်ဝယ်ပြီး အိမ်ဆောက်ထားတယ်
ဟုတ်တယ်...
သုသာန်ဆိုတဲ့ ရပ်ကွက်မှာပေါ့...
မိုးလုံလေလုံ နေပါစေဆိုပြီး
အုတ်နဲ့ဆောက်ထားတဲ့ ခိုင်မာတဲ့အိမ်ကလေးလေ
မင်းနေတဲ့အကြောင်း လူတွေသိအောင်
ကျောက်တိုင်ကလေး ထောင်လို့ပေါ့
မင်းနာမည်နဲ့ အသက်မှတ်တမ်းလေးတပ်
မကျေနပ်သေးရင်....
မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်
မင်းခွဲသွားရင် ကိုယ်တစ်ယောက်တည်းရယ်လို့
စိုးရိမ်မနေပါနဲ့
တစ်ပင်လဲလို့ တစ်ပင်ထူတဲ့
ကိုယ် နောက်တစ်ယောက် ရှာယူလိုက်ပါ့မယ်
မင်းအတွက် ရင်ထဲက စေတနာသက်သက်မို့
အားနာပြီး မငြင်းလိုက်ပါနဲ့ကွာ..........။

လောဘ ဒေါသ မောဟ

အော် လောက...
တောက်..ငါလို ကောင်ကို ၀င်ခွင့်ပေးရတယ်လို့
အော် လောဘ...
တောက် ..လခ ကလဲ လကုန်တောင်မပေးသေးဘူး..
အော် မောဟ
တောက်...ဟိုကောင်ကွာ...
အော် ဒေါသ
တောက် ..ငါကိုမှ အချိန်ပိုဆင်းခိုင်းရတယ်လို့...
အော် ချစ်သူ....
(ဖောက်)..တော်သေးတယ် သူ ရှိလို့ ......

ဘယ်လိုလဲ....

ဘယ်လိုလဲ....
တကယ်တော့ အချစ်ဆိုတာဘယ်လိုလဲ..
နေတတ်သလို နေပေမယ့် ..
ရင်ထဲကို မိုးတွေ လာလာရွာစေတဲ့ အရာ
အိမ်မက်ထဲ လဲ ဇွတ်ဝင်လာတတ်တဲ့ အရာ
အတ္တဆိုတာတွေကို ချောင်ထိုးထားစေတဲ့အရာ.....

အဲဒီအရာလေးက တခါတလေတော့ အိပ်တတ်တယ်....
ဒါပေမယ့် အချိန်တော်တော်များများနိုးနေတာဘဲခက်တယ်....

ကဗျာ...

ရူံးနိမ့်မူတွေ မှတ်တမ်းတင်မိတဲ့အရာများ...
သေရာပါမယ့်အရာတွေ
စာရွက်ပေါ်မှာ ကြိုးစားမေ့မလားလို့ ကြိုးစားခြင်းပါ...
ထားခဲ့ရတဲ့အခါ
ဆွေးဆွေးလေးနဲ့ ရေးမယ်
ထားခဲ့ ခံရတဲ့အခါ
ငိုချင်းလေးနဲ့ ရေးမယ်.......
ငါတော့...ဘယ်တော့ဖြစ်ဖြစ်..ရေးလိုက်ရရင် ကျေနပ်တယ်...

မင်း...အစွမ်း

ပန်းလေး ၁ပွင့်လေ...
ငါကို ချည်နှောင်ထားတယ်
မင်းရဲ့ အချိန်တွေ ထဲရောက်ဖို့
ငါက ကြိုးစားနေရတယ်....

ရင်ထဲက အိမ်မက်က
သူအတွက်ဆိုပေမယ့်....
သူ့အိမ်မက်က သူ့အတွက်.....။

ဘာကြောင့်လဲ....
လှုပ်ရှားမှုတွေက နေသားကျ
တွေဝေနေတုန်းပဲလား.....
ရင်ခုန်ခြင်းတွေက ယုံကြည်ဖို့လေ.....

အင်း....
ငါက်ုက အကြည့်လေးတွေတမ်းတ
မချစ်ဘဲမနေနိုင်....
သေချာပြီးသား အချစ်မို့
သက်သေမလိုပါဘူး
နင်ဆုံးဖြတ်ရင်
အမှုမရှိဘဲ ထောင်ချခံနိုင်ပါတယ်........

အိမ်မက်ဆိုး...

အိမ်မက်ဆိုး...
ဟုတ်တယ်....
အိမ်မက်ဆိုရင် သိပ်ကောင်းမယ်
အချစ်ဆိုတာ မရှိခဲ့ရင်
တမ်းတခြင်း၊ သတိရခြင်း၊ လွမ်းဆွတ်ခြင်း
ဘာမှမရှိတော့ဘူးလေ....
ဟုတ်တယ်...
အိမ်မက်ဆိုရင် သိပ်ကောင်းမယ်
မြန်မြန်နိုးထချင်မိတဲံ
အိမ်မက်ဆိုး.....

ချစ်သူရေ....

ချစ်သူရေ....
စရေးမိတဲ့ ကဗျာ
ကိုယ့်ဘာသာတောင် မသိမ်းပိုက်ထားနိုင်တော့
ဒိကောင်းကင်အောက် ငါကြိုးစားမယ်
အချစ်ဆိုတဲ့ အရာတစ်ခုအတွက်လေ.....။

မုတ်သုံလေတွေကိုလဲ လွမ်းတယ်...
မိုးတိမ်တွေကိုလဲ လွမ်းတယ်...်
သဘာမကျခြင်းတွေလဲ လွမ်းတယ်...
နင့် အပြစ်တွေလဲ လွမ်းတယ်...
ချစ်ခြင်းတွေလဲ လွမ်းတယ်...
အနမ်းတွေလဲ လွမ်းနေတယ်....။

ဖြေနိုင်သလောက် ဖြေနေရတယ်...
မိုးချုပ်တိုင်း အိမ်ပြန်
အိပ်တိုင်း လွမ်းရင်းနဲ့လေ....။....။

အသက်မဲ့

ကောင်မလေးတစ်ယောက်ရဲ့ ကြိုးလေးတွေကြောင့်
မျက်ရည်ကျတိုင်း
တိတ်တဆိတ် ရင်ထဲမှာ သတိရတယ်.....

ငါက အရမ်းလွမ်းတတ်လွန်းလေတော့
ဖြူစင်လွန်းတဲ့ ကာရံလေးတစ်ပုဒ်ကို
မိုးတွေရွာတဲ့ သံစဉ်နဲ့ စပ်မီနေတယ်.....

ကဗျာတွေကိုမမြင်နိုင်လောက်အောင်
ဒီလို ညမှာဖြစ်နေတယ်...
ဝေးနေတယ်ဆိုတာလေးနဲ့တင်
ငါ့ ၀ိညည်ဟာ အသက်မဲ့ခဲ့တာကြာပြီပေါ့ကွယ်............

လ တခြမ်း ည

ကြိုးမျှင်မျှင်လေးနဲ့ ဆွဲထားတဲ့လမင်း
ဖြူစွတ်တဲ့ အခြမ်းသေးလေးနဲ့...
ဘယ်လောက်ထိ ညိတွယ်နေမလဲ ငါမသိဘူး........

ကောင်းကင်ပြာကို မမြင်ရတာကြာလာတော့
သတိတရ တယောက်နဲ့တယောက်
ရုန်းထွက်မရအောင် ဝေးနေတယ်.........

မွန်ကြပ်တယ် ကောင်မလေးရယ်
ငါ့ရဲ့ ချစ်သူ.....
ကြယ်စင်လေးဖြစ်တဲ့ချစ်သူရေ........
ငါ့ ကိုကယ်တင်ပေးပါ.................

နှောင်ထားတဲ့ ကြိုးထဲက
လွှတ်ပေးတယ် သဘောမထားဘဲ
ငါ့ ကို အလင်းပေးစမ်းပါကွာ..........

ရင်ဘတ်က ကျတဲ့ ပုလဲလေးတွေ
မွှေးမြလွန်းနေတော့
ငါ ရုန်းထွက်ချင်လို့ပါ..........

ဘယ်လိုဘဲ ကြိုးစားကြိုစား...
နောက်ဆုံးတော့ ငါ ရှုံးသွားတယ်....
ငါလေ....အချစ်ဆိုတာကို အရမ်းမုန်းချင်တာဘဲ...........

....lonely....

ကောင်မလေးရေ
ကာရံတွေမှ ညီင်္ရဲ့လားကွာ......
အစတည်းက အလွမ်းကာရံတွေနဲ့ ငါ့ဘဝ
ပန်းမပွင့်တဲ့ ညတစ်တစ်ညကို ဖြတ်နေရတယ်.....။

အထီးကျန်မှုကို အံ့အောလောက်အောင်တက်မက်
ကုတင်တစ်လုံးမှာ ပျော်ပျော်ထိုင်ရင်း
မင်းအတွက် ဆေးလိပ်တစ်လိပ်တစ်လိပ်သောက်ချင်တယ်......။

လက်တွေ့မှာတော့
လွမ်းရတဲ့ရက်တွေမှာ
အထီကျန်မူကို အော့နှလုံးနာ
ကုတင်တစ်လဲုးမှာ ငူငူထိုင်ရင်း
မင်းမှာတဲ့အတိုင်း ခံတွင်းချည်ရင်းပေါ့........

ဓါတ်ပုံလေးကို ဘေးကလူအဖြစ်သဘောထား
မင်းရဲ့ကိုယ်ပွားအဖြစ် ဖေးကူခိုင်းချင်ပေမယ့်
အခါခါကြည့်တိုင်း သွေးတွေပဲ ပိုပိုပူလာတယ်....။

မြူခိုးတွေ ဝေနေသလို
သဲမှုန်တွေနဲ့ ၀န်းရံရင်း
အနာဂတ်အတွက် မျှော်လင်ချက်တွေနဲ့လူ.....
အခုတော့
ရင်ထဲက အပူတောင် မငြိမ်းနိုင်သေးတဲ့လူ လေ.........

မနက်ဖြန်အတွက်

မရိုးနိုင်တဲ့ အလွမ်းနဲ့ ငါရင်မှာလွမ်းရတာ
နွမ်းလှပြီင်္ ချစ်သူရယ်....
ငါ့ ရှင်သန်ခြင်းတွေကို အံ့ကြိတ်ပြုံးရင်း
မင်းအတွက်ဘဲ ဖြစ်ခဲ့တယ်။
ရူးသွပ်စွာ....
ချည့်နဲ့တဲ့အင်အားတွေနဲ့
မင်းနဲ့ရှိခဲ့တဲ့ အချိန်တွေအတွက်
မျက်ရည်မိုးသည်းမှုကို ငါမတားဆီးနိုင်ဘူး။
မျိုသိပ်လို့လဲ မရဘူး
ငါရင်တွေ ကွဲလုလုပြီ.....
အင်း......
မင်း ကို သတိရလို့လေ........ ....... .....

ညတစ်စင်းရဲ့ အာရုံ

အရမ်းကို လွမ်းတတ်လေတော့
ချစ်သူရယ်....
ငါ့ အလွမ်းကဗျာတွေရဲ့ အဓိပါယ်
နှလုံးသားရဲ့ အလွမ်းကို
အလကားမဖြစ်အောင် သိစေချင်တယ်...။

အရမ်းကို လွမ်းတတ်လေတော့
ချစ်သူရယ်....
ငါ့ အချစ်သီချင်းတွေရဲ့ ခံစားမှု
အချစ်ရဲ့ သံစဉ်ကို
အလကားမဖြစ်အောင် သိစေချင်တယ်...။

အလကားဖြစ်ဖို့
ဒီနှလုံးသားကဗျာကို အသက်မသွင်းချင်ဘူး....
နင်တစ်ယောက်အတွက်သာ လွမ်းတတ်လွန်းခဲ့တော့
နွမ်းလျနေတဲ့ စိတ်ကူးတွေကို
အိမ်မက်အဖြစ်မက်ဖို့ အိပ်လိုက်အုံးမယ်...
မနက်ဖြန်တော့...ချစ်သူသိပါစေ.............။

သူငယ်ချင်း

သတိရတိုင်း ရင်ဘတ်ထဲမှာ
သီချင်းလေးတွေနဲ့ မိုးတွေရွာတယ်
ခံစားချက်တွေ မင်းမသိအောင်မြုပ်နှံလို့
မကြည့်ရဲသူတစ်ယောက်.....
မင်းဆီပို့ဖြစ်ခဲ့တယ်....။
ခဏလောက်ပေမယ့် ရခဲ့တဲ့ဒဏ်ရာက
မာနကို အပြစ်မတင်ရက်ခဲ့ဘူး....
တခါလောက် မိုက်မိုက်မဲမဲနဲ့
အရယ်အပြုံတွေ လမ်းစဖြောက်ခဲ့တာ....
ဖုံးကွယ်ဖို့ ကြိုးစားရင်း....
လိမ်ညာမှုတွေနဲ့ လမ်းအတူတူလျှောက်ခဲ့တယ်.......
လှိုက်လှိုက်လဲလဲ ၀မ်းနည်းတဲ့စိတ်ကူးတွေနဲ့
ဇတ်အစအဆုံးချစ်ခဲ့တဲ့ စိတ်တွေအတွက်
ဘယ်အရာကိုမှ အပြစ်မတင်ရက်ခဲ့ဘူးလေ.........။

တကယ်မဟုတ်တဲ့ ကဗျာ

လှမ်းမျှော်ကြည့်မိတော့
ပြန်ဆုံရမှာကို
ကြောက်နေရပုံများ
ရင်ထဲမှာတော့ ...........မိုး ပြိုသလိုပါပဲ
စမ်းရေတွေ အေးနေသလို
ပန်းတွေလည်း မွှေးနေတော့
ရယ်သံတွေတောင် လွင့်ပျံ့ လို့ 
နှလုံးသားတစ်ခုလုံး မပြိုကျလို့
ကြိုးစားဖြိုချခဲ့ရတယ်
ငါ့ ရဲ့  မျှော်လင့်ချက်တွေအားလုံး
မင်းမရှိ မှရှင်သန်ခဲ့ရတာပါ
ခပ်အက်အက် ငိုသံတွေကြားမှာ
လွတ်လပ်တဲ့စိတ်တွေ ပျော်ဝင်နေတယ်ဆိုတာ
မုန်းသူ ကတော့ သိမယ်မထင်ပါဘူး
ငါ့ မှာသာ
အိပ်လို့ မရတိုင်း
ကဗျာတွေ စာစီလိုက်ရတာ
စကားတစ်လုံး Pepsi တစ်ဘူးဖြစ်ရင်
ငါ boss ဖြစ်တာကြာပေါ့..........

ကဗျာ

ငါရဲ့ ညတစ်ညကို နင်...
ယူသွားတယ်။

တစ်ယောက်ထဲနဲ့ ငါ....
လမင်း ပျောက်နေတယ်။

ဘယ်အိုးမှ လက်မခံတဲ့ပန်းတစ်ပွင့်လို
အလွမ်းတွေ..
ဘယ်ပို့ရမှန်းမသိ....။

တကယ်ဘဲလွမ်းလိုက်ရတာ....
မှောင်လွန်းတော့
တိတ်တဆိတ် ထိန်းနေရတယ်
မိုးရွာမှာ စိုးလို့...။

သေချာတွေးကြည့်မှ
ငါသိလိုက်တယ်....
ငါ့ ရင်ထဲမှာ မိုးတွေရွာနေတယ်......။........။

ပုံပြင်ထဲက....

ကျွန်တော်ရဲ့
အိပ်ရာလှလှလေးပေါ့...
အချစ်တွေနဲ့ တည်ဆောက်ထားတယ်။

နေရက်တိုင်း
မနက်ဆို ထ ၊ ညဆို အိပ်နဲ့
ဖြတ်သန်းနေကြအတိုင်း
တစ်လပြီး တစ်လ
တစ်ရက်ပြီး တစ်ရက် ပြန်ပြန်လာနေတယ်။

ကျွန်တော် ပွေ့ပိုက်ထားတာက
အရုပ်လေးတစ်ရုပ်နဲ့
ကိုင်တွယ်လို့ မရတဲ့ အလွမ်းလှလှလေးတွေ....
အိမ်မက်လွမ်းလွမ်းလေးတွေ ပေါ့...။

ဒီည လဲ အိပ်အုံးမယ်။
သံယောဇဉ် ကြိုးလေးချည်
သတိရခြင်းကို ခြုံပြီးတော့လေ......
Good Night.....

တိတ်ဆိတ်တဲ့ညမှာ မျက်ရည်ကျရင်း
လရောင်အောက်မှာ ငိုဖြစ်တယ်...
ပတ်ဝန်းကျင်က မျက်ရည်ကျတာမသိဘူး
လေအဝေ့မှာ အားရပါရငိုခဲ့တယ်....။

ပျော်ရွင်မှုတွေ ပိုင်ချင်တော့
ကောင်းကင်ကို မော့ကြည့်ပြီး
နေသားကျအောင် ကြယ်တွေရေမိတယ်.....
ဝမ်းနည်းမှုတွေနဲ့
နင်ရှိရင်ကောင်းမှာဘဲလို့တွေးရင်း
လက်ရှိဘ၀မှာ နေသားမကျသေးဘူး......
ခံစားချက်တွေကို ကြယ်တွေမြင်သွားမှာစိုးတယ်....။

မနက်ဖြန်တွေကို ရင်ဆိုင်ဖို့
ဖြစ်သင့်တာတွေ ဖြစ်ချင်တာတွေ အိမ်မက်မက်ရင်း
ဒီည ကုန်အုံးမယ်.....။

ကြယ်လေးတွေရေ...
နှလုံးသားလို ရေခဲရိုက်ထားပြီး
သက်ပြင်းတစ်ချက်ချ......
အိပ်ရာဝင်ဖို့ ပြင်လိုက်တယ်
ချစ်သူရေ.....ကောင်းသောည ဖြစ်ပါစေ.....။

တနေရာ..က...

နတ်ဆိုးလေးတွေရဲ့
သတိရခြင်းနှုတ်ခမ်းတွေ မျှော်လင့်ရင်း
ရနံလေးတွေကို နာကျင်စွာနဲ့ဘဲ
တောင်းတ ပြန်ဆုံချင်နေတယ်..။

ငါ့ နက္ခတ်တွေက
မနက်ဖြန်ကို ကံမကောင်းစေသေးဘူး...
သံယောဇဉ်ဆိုတဲ့ ချစ်ခြင်းတည်ရာ
ကောင်မလေးတစ်ယောက်ဆီ....
တရးနိုးလဲ ယောက်ယမ်းအိမ်မက်မြဲ....။

နေသားမကျသေးတဲ့
ခပ်မှောင်မှောင် ညတစ်ညမှာ နေ၀င်နေတယ်.....
အချစ်ဆိုတာ ယနေ့တိုင် ခန့်မှန်းရခက်နေဆဲ.....။

တမြို့ ၊ တနယ် ၊ တမြေခြားနေလဲ
ချစ်သူရဲ့ နာမည်လေးကို
အရင် အတိုင်းရွတ်ဆဲ....
ညတိုင်း သတိရခြင်း လမင်းသာမြဲပဲလေ.....။.......။