Showing posts with label အပိုင်းအစများ. Show all posts
Showing posts with label အပိုင်းအစများ. Show all posts

ချစ်သူ

မင်း မမေ့ဘူးဆိုတာသိပေမယ့် ကို့ ပုံကို မှတ်မိစေချင်တယ်လေ..

အိမ်မက်ဆိုး မက်တော့ မင်း ကို ကြောက်လာတယ်...

မင်း၇ဲ့ ပိုင်ဆိုင်နိုင်မူတွေ ကို့ အပေါ်မှာ များပြားလွန်းတယ်..

ဒါပေမယ့် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါတယ်...

ကိုက မင်းကို ချစ်လွန်းတာကို ချစ်သူ၇ယ်....

..

ငါ မုန်းလိုက်ချင်လဲ မလွယ်
မေ့လိုက်ချင်လဲ မလွယ်
ငါ မုန်းချင်တာ မင်ကို မဟုတ်ဘူး
ငါ မေ့ချင်တာ မင်းကို မဟုတ်ဘူး
အထီးကျန်ခြင်းဆိုတဲ့ ငါ့ကို နာကျင်စေတဲ့အရာကို မုန်းချင် မေ့ချင်တာ....

0

တကယ်လို့ များ....
အလုပ်တွေ ပြီးသွားခဲ့ရင် .....
ငါ့ ရည်မှန်းချက်ပြည့်မြောက်ခဲ့ရင်....
ပိုက်ဆံဆိုတာကို ထိုက်သင့်သလောက်ရရင်....
ကိုယ်ဘ၀ ကို ပိုင်တဲ့နေ့ကျရင်....
ငါ အပြေးကို ပြန်မှာပါ......
အမိမြေရဲ့ ရင်ခွင်.......ချစ်သူရဲ့ ရင်ခွင် ဆီကို....

ချစ်သူ ရယ်...

အနားမှာရှိစေဖို့ ကို အရမ်းဆုတောင်းခဲ့တယ်....
အဝေးထွက်မသွားဖို့လဲ ကိုဆုတောင်းခဲ့တာဘဲ...
ဆုတောင်းက ပြည့်ပေမယ့်....
ငါက သူရဲ့ အဝေးကို ထွက်လာခဲ့ရတယ်....
ချစ်သူရယ်...ကိုယ်အနား မင်းရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ....

မုန်းတယ် လောကရယ်

တကယ်တော့ ကျွန်တော်အခု အချိန်တွေကို အရမ်းမုန်းတာဘဲ....ကျွန်တော် ညပိုင်းတွေဘဲအလုပ်ဆင်းရတော့ လူကနုံးနေတယ် ...အိပ်ရေးက မ၀နဲ့..ဒါတောင် ကျွန်တော် online ၀င်ချင်နေသေးတယ်...ရုံးကပြန်ရောက်ရင် အိပ်ချင်နေရက်နဲ့ ဆိုင်ဘာထဲ ၀င်တယ်...သူငယ်ချင်းတွေနဲ့တော့ ပြောချင်ပေမယ့်...တွေ့ဖို့က မလွယ်ဘူး....ကျွန်တော် အိပ်နေတဲ့အချိန်ကျရင် သူတို့တွေက နိုးနေပြီး ကျွန်တော် နိုးနေတဲ့အချိန်ဆို ဘယ်သူမှ မရှိတော့ဘူး...ဘယ်သူနဲမှလဲ တွေ့ရတာကြာလာတော့ ကိုယ့်ကိုယ်ကိုတောင်မေ့လာတယ်
......အင်း လောကကိုဘဲ စိတ်တိုတယ်......

တကယ်လို့များ ဖြစ်နိုင်ရင် အိမ်မက်တစ်ခုသာ ဖြစ်လိုက်ပါတော့....
မင်းနဲ့ဝေးရတဲ့ ခဏဟာ.....
အင်း အိမ်မက်ဆိုရင် ကိုယ့်ဘာသာအသားနာအောင်လုပ်....အိပ်ရာကနိုး...ဘယ်လောက်ကောင်းမလဲ...
အခုတော့.....

အချိန်တွေ..ရယ်

တကယ်လို့များ
ဖြစ်နိုင်ရင် အချိန်တွေ ကို ရစ်ချင်တယ်....
သူနဲ့ ပြန်ဆုံရမယ့်နေ့ကို မြန်မြန်ရောက်ချင်တယ်....
ဖြစ်နိုင်ရင် ကူညီပါ လောကကြီးရယ်.....

လမ်းညွှန်

အပြာရောင်တောင်ပံနဲံ့
နှလုံးသားတစ်စုံ မင်းဆီ ပို့လိုက်တယ်....
မိုင်ရာချီဝေးပေမယ့် သေချာစွာရောက်မှာပါ.....
အချစ်မြေပုံ နဲ့
သံယောဇဉ် လမ်းညွန်ရှိတာဘဲ...
သေချာပါတယ်...
အပြာရောင်တောင်ပံ ဒီလောက်မညံ့ပါဘူး....

.....

တစ်စုံတစ်ယောက်ကို ချစ်တာဟာ
ချစ်လို့ကို ချစ်တာပါ....
ချစ်မိတဲ့ အတွက်...
ဘာအကြောင်းပြချက်မှ ပေးဖို့မလိုဘူး....

မင်း ကြောင့်

ချစ်သူ...
နင့်ကြောင့် ငါစိတ်မကောင်းဖြစ်ရတယ်။
ဒေါသထွက်ရတယ်။ ဒါပေမယ့် နင့်အပေါ် စိတ်ဆိုးလို့မှ မရတာ....
စိတ်မကောင်းဖြစ်တာက တပိုင်း နင့်ကို ချစ်နေတာက တပိုင်း....
ဖြစ်နိုင်ရင် နင်ငါ့ကို စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
ငါ မခံစားနိုင်လို့ပါ....

......

ချစ်သူအတွက် ဆို
အသက်ရှုရပ်ခိုင်းရင်တောင် ရပ်ပေးမယ်....
မုန်းသူ အတွက်ဆို
အသက်ရူရပ်ခိုင်းရင် သူ့ကို အရင်သတ်ပြီးမှ အသက်ရူရပ်မယ်.....

စိတ္တဇ

ဘာတွေ ဆုတောင်းမိလို့လဲ...
ငါ ဘာလို့ ဒီလိုဖြစ်နေရတာလဲ...
ဒီလိုဖြစ်မယ်မှန်းသိရက်နဲ့ ..
ဆုံးဖြတ်ချက် ချထားပြီးရက်နဲ့...
အား....
မခံစားနိုင်တော့ဘူး.....ရူးတော့မယ်.......။

ည...

ည...
ထင်ယောက်ထင်မှား အိမ်မက်များ
ရင်ထဲကို ၀င်လာတာက
ချစ်သူရဲ့ နှုတ်ခမ်းနုနုလေး....
ပြန်ပြန်တွေးနေမိတဲ့ ငါ...
အိပ်ရာထက်မှာ ငုတ်တုတ် ဘာမှ မတတ်နိုင်တဲ့ဘ၀.........။

နှုတ်ခမ်းလေးတွေကို ပိုင်စိုးတဲ့.....သူ
ကျွန်တော်ကို နာကျင်စေတဲ့....သူ
သံယောဇဉ်ကြိုးနဲ့ချည်ပြီး
အချစ်တုတ်နဲ့ရိုက်ခဲ့တဲ့....သူ
သူ့အကြောင်းဘဲကဗျာရေးစေ....သူ
ညတိုင်းအိပ်မက်မက်စေ......သူ
......သူ
........သူ
အဲဒါကျွန်တော်လောက်မချစ်တတ်တဲ့ ကျွန်တော့်ချစ်သူ...

အပျံသင်ခါစ မဟုတ်ပေမယ့်
ဒီအချစ်မှာ ငါရူးသွပ်ဆဲ....
ပျော်ရွင်မှုအိမ်မက်တွေ မက်ရင်း
ငါလွမ်းမိတာက .....
ချစ်သူရဲ့ လက်ဖ၀ါးနုနုလေး.....လေ

ကောင်မလေးတစ်ယောက်ရဲ့ ကြိုးတွေကြောင့်
မျက်ရည်ကျတိုင်း...
တိတ်တဆိတ် ရင်ထဲမှာသတိရတယ်....
အဲဒါ အချစ်ကြောင့်လေ.....

နာကျင်ခြင်းဆိုတာ
မင်းအတွက် မဖြစ်စေရဘူး....
ကြယ်လေးတွေရဲ့ မျက်ရည်ကို
လမင်းက လက်မခံသေးလို့ပေါ့....
ငါ အတွက် နင်ဘယ်တော့မှ မနာကျင်စေရဘူး...။

တကယ်တော့ မျှော်လင့်ခဲ့ သလိုမဟုတ်လဲ
မိုးကောင်းကင်အောက် နင်ပျော်ဖို့...
ငါ တာဝန်ယူတယ်......။
ထီးတစ်လက်မဟုတ်တောင် နင့်အတွက်တော့ ငါဟာ......
အမောပြေရေလေးတစ်ခွက်ဖြစ်ရင်ပဲ ငါကျေနပ်ပါတယ်ကွာ.......။

လောကကြီးထဲ ထုံးစံအတိုင်း
ထပ်လာမဲ့နေ့တွေမှာ ဝေးရမှာကို တွေးကြောက်ရင်း
နွေမိုးဆောင်း သုံးရာသီပြောင်းတောင်..
လွမ်းနေဆဲ.....။
ဝတ္တရားမပျက်ကွက်ဘဲ အရင်အတိုင်းဘဲလေ....
ဒါ ငါ့ ဘ၀ပဲ....။

ဟန်ဆောင်တဲ့ အပြစ်...
အချစ်အတွက်ဖြစ်တဲ့ အပြစ်....
အပြစ်တွေများစွာ....
မောပန်းစွာ ငါထမ်းထားတယ်
တကယ်တော့  ရှိနေသရွေ့.....
မကျေနပ်လဲ ငါဆက်ထမ်းထားရမှာဘဲ

မြတ်နိုးမိတာက
အထီးကျန်မှုကို ဆုပ်ကိုင်ထားနိုင်တာပဲ......
ဒီလမ်းလေး ပေါ်မှာ
ကျေကျေနပ်နပ်ကြိး ငါကြွေကျသွားတယ်....
သူကတော့ မသိခဲ့ဘူး.................