လေ့လာမှုနယ်ပယ်တိုင်း သို့မဟုတ် ဘာသာရပ်တိုင်းတွင် အကြောင်းနှင့်အကျိုးတရားဆက်စပ်မှုများရှိပါသည်။ ယင်းကို Cause and Effect ဟု လူသိများကြသည်။သို့သော်လည်း ဖြစ်ရပ်တိုင်းတွင် Cause and Effect နှင့်မပြီးသေးပါ။နောက်ဆက်တွဲဖြစ်လာမည့်အနေအထားများ Consequences နှင့်လည်း ဆက်စပ်လာပါသည်။နောက်ဆက်တွဲအနေအထားမျိုးများကား မည်မျှအထိဖြစ်နိုင်သနည်းဟူမူအခြေအနေအရပ်ရပ်အပေါ် မူတည်နေပါသည်။ လူအတော်များများသည်အကြောင်းနှင့်အကျိုးလောက်သာစဉ်းစားကြသည်။ ဆင်ခြင်တုံတရားရှိသောလူများကားအကြောင်းနှင့်အကျိုးသာမကနောက်ဆက်တွဲဖြစ်လာမည့်အခြေအနေများကိုပါစဉ်းစားပြီးမှချင့်ချင့်ချိန်ချိန်လုပ်ကိုင်တတ်ကြသည်။
Cause and Effect နှင့်Consequences များသည် အလုပ်လုပ်ကိုင်ရာတွင်အများဆုံးတွေ့ရှိရသည့်ပြဿနာများဖြစ်သည်။ အလုပ်လုပ်ရာတွင် များသောအားဖြင့်လူများသည် ခိုင်းသည့်အတိုင်းလုပ်လျှင် တာဝန်ကျေသည်ဟုသတ်မှတ်ကြသည်။ခိုင်းသည့်အတိုင်းဆိုသည့်စကားတွင်ပင် အဓိပ္ပာယ်များစွာပါဝင်ပါသည်။မည်သည့်အရာအား ခိုင်းသည်ကိုလည်းကောင်း၊မည်သည့်ရည်ရွယ်ချက်ဖြင့်ခိုင်းသည်ကိုလည်းကောင်းအခိုင်းခံရသူအနေဖြင့်သိရှိရန်လိုပါသည်။ သို့မဟုတ်ပါကခိုင်းသည့်ရည်ရွယ်ချက်လည်း အထမမြောက်သည့်အပြင်ဆေးအတွက်လေးသည့်သဘောပင်ရောက်သွားနိုင်ပါသည်။
ခိုင်းသည့်အတိုင်းလုပ်ရာတွင် များသောအားဖြင့် အခိုင်းခံရသူများသည်အရည်အချင်းရှိစရာမလို၊ ခိုင်းသည့်အတိုင်းလုပ်လျှင်ပြီးပြီဟူသောအတွေးများအခိုင်းခံရသူများဘက်က ယေဘုယျသဘောမျိုးရှိကြပါသည်။ခိုင်းသည့်အတိုင်းဖြစ်မလာလျှင် ခိုင်းသည့်အတိုင်းလုပ်တာပဲဟူသောဆင်ခြေဖြင့်ခိုင်းသူကိုပင်ပြန်ဒုက္ခပေးတတ်ကြသူများလည်းရှိသည်။ စေသည့်ကျွန်၊ထွန်သည့်နွားသဘောတော့သက်ရောက်သွားတတ်ပါသည်။ ယင်းသည်ခိုင်းသည့်အခြေအနေကိုသာကြည့်၍ လုပ်တတ်ကြခြင်းကြောင့်ဖြစ်သည်။စေခိုင်းသူ၏ရည်ရွယ်ချက်၊ သဘောထားအခြေအနေများကိုပါသိရှိမည်ဆိုပါကလောကကြီးသည် အဟောဝတကောင်းလေစွဖြစ်သွားကြပါသည်။
တစ်နည်းအားဖြင့်စေခိုင်းခံရသူများအနေဖြင့် စေခိုင်းခြင်းသဘော၏အနှစ်သာရကိုဆင်ခြင်သုံးသပ်နိုင်ပြီး နှိုင်းနှိုင်းချိန်ချိန်သုခမိန်ဖြစ်ပါကမူမပြေလည်မည့်လောကကြီးအား ပြေလည်သွားနိုင်သည့်အဖိုးတန် ဥပမာ၊ သာဓကများမြန်မာ့ရာဇဝင်သမိုင်းတွင် အထင်အရှားအများကြီးရှိသည်။ တစ်နည်းအားဖြင့်Cause and Effect လောက်သာမစဉ်းစားဘဲ Consequences ပါဆက်နွှယ်စဉ်းစားတတ်သောအကြောင်းအရာများကိုလည်း ဖော်ညွှန်းသောအချက်ကိုလေ့လာမည်ဆိုပါကပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှထုတ်ဝေသော မှန်နန်းရာဇဝင်တော်ကြီး၊ ပထမတွဲ၊စာမျက်နှာ၂၉၉ရည်ညွှန်းချက်အရ “တစ်ရံရောအခါ အလောင်းစည်သူသည်ဗိုလ်ရှုသဘင်ခံတော်မူခိုက်တွင် လက်ရုံးတော်ဆန့်၍ကြုံးဝါးတော်မူ၏။လက်တော်ကြီးပြီဖြစ်၍ (လက်တော်ကြီးပြီဖြစ်၍သည် မူရင်းပုံနှိပ်ဖြစ်ပါသည်။သက်တော်ကြီးပြီဖြစ်၍သဘောဟုယူဆရပါသည်။) လက်ပျဉ်းတော်ကျသည်ကိုအမှူးအမတ်တို့မြင်လေသော် ရယ်ခိုးကြ၏” မင်းကြီးလည်း မသိမဟုတ်သိသည်။မင်းကြီး နားလည်သည်။ ယင်းသည် အမတ်များဆင်ခြင်တုံတရားမရှိသောကြောင့်မဆင်မခြင်ဗိုလ်ရှုခံအလယ်တွင် ပြုလုပ်ခြင်းဖြစ်သည်။ မင်းကြီးလည်းမြင်တော်မူသည်။ သို့သော်လည်း စာနာမှုထားပြီး ဆုံးမရန်စီစဉ်တော်မူသည်။တစ်နည်းအားဖြင့် စာနာတတ်ခြင်းသည် အထက်လူကြီးအလုပ်သာဖြစ်လေ့ရှိကြပြီးဆင်ခြင်တတ်ရန်အတွက်သည် အောက်လူတို့၏အလုပ်သာဖြစ်သည်။
ထို့ကြောင့်လည်း တစ်နေ့သ၌ အမတ်တို့ကိုခေါ်ပြီးသော် “ဟယ်...လက်ဝဲလက်ယာအမတ်တို့၊ ယောက်ျားတစ်ယောက်သည်ဦးဗောင်းကျားထုပ်နှင့်မြင်းကျားစီး၍ တူရွင်းတောင်ခြေရင်း၌ နေဝင်လျှင်အနိုင့်အထက်လုစားသည်ဆိုသည်ကို နင်တို့မကြားကုန်လော၊ နင်တို့လေးယောက်ရအောင်ဖမ်းလေချေ။ မရသော် နင်တို့ကိုမျက်အံ့” ဟုမိန့်တော်မူသည်။ထိုသတင်းသည် အမတ်ကြီးများကိုကျော်ပြီးမင်းကြီးရွှေနားတော်အရောက်ပေါက်သည့်သတင်းဖြစ်ရာ အမတ်တို့အတွက်တော့ထူးခြားသတင်းအဖြစ်ဆင်ခြင်ရာဖြစ်သည်။
ဦးဗောင်းကျားထုပ်နှင့်မြင်းကျားရှင်ကိုဖမ်းခိုင်းသူတို့မှာလည်း ရယ်ခိုးဖွဲ့သောအမတ်ကြီးလေးပါးကိုသာခိုင်းသည်။ တပ်တော်နှင့်မဖမ်းခိုင်း၊မည်သူ့ကိုမျှလည်းမဖမ်းခိုင်း၊ နင်တို့ကိုယ်တိုင်ဖမ်းရမည်ဟု အမိန့်ထုတ်သည်။ခေတ်စကားနှင့်ပြောရလျှင် ကန့်သတ်ချက်များပါလာသည်။ အလွန်သတိထားရသည်။ရည်ရွယ်ချက်အမှန်ကိုသိမှ ထိုပြဿနာကိုတစ်ချက်တည်းရှင်းနိုင်မည်။
အမတ်ကြီးလေးယောက်တို့လည်း မြင်းတင်းကုပ်တွင် မြင်းကောင်းလေးစီးကိုယူပြီးသော် ရအောင်ဖမ်းမည်ဟူ၍ အားသန်လျက်သွားလေသည်။
နောက်မိုးသောက်၍ညီလာခံတွင် ထိုအမတ်ကြီးလေးယောက်တို့ကိုခေါ်တော်မူ၍“ဟယ်...အမတ်တို့၊ မြင်းကျားစီးသောခိုးသူကို နင်တို့တွေ့၏လော”ဟုမေးတော်မူသည်။ ဤတွင် အမတ်များ၏ဆင်ခြင်တုံတရားပါသည့်အဖြေသည်အရေးပါလာပါတော့သည်။
အမတ်များလျှောက်တင်မှုတွင် “ရွှေဖဝါးတော်အောက်ရှိခိုးနားတော်လျှောက်ဝံ့သောဘုရား မြင်းကျားစီးသောလူဖြစ်ဆန်းကာမဟုတ်၊နတ်ဘီလူးဖြစ်ရာသည်၊ လူဖြစ်သော်လည်း လူမည်ကာမဟုတ်၊ ရင့်ပြီးသော၊ကြီးမြတ်သော ဘုန်းတန်ခိုးရှင်ဖြစ်ရာသည်။ကျွန်တော်တို့မြင်းလေးစီးကိုထားဘိ၍နိုင်ငံတော်ဝယ်ရှိသောမြင်းသည်အပေါင်းတို့ ဝန်းရံဆီးဆို့၍ဖမ်းငြားသော်လည်းမရနိုင်ရာ” ဟူ၍ နားတော်လျှောက်ကြကုန်သည်။
ဆင်ခြင်တုံတရားရှိမရှိကို စမ်းသပ်သည့်မေးခွန်းကလည်း ပညာသားပါလှသည်။မင်းကြီးက သူခိုးကိုမိပြီလားဟုမေးလိုက်သည်။ သူခိုးဟုမိမိကိုယ်မိမိနှိမ့်ချပြောဆိုလိုက်သည်။ ဆင်ခြင်တုံတရားမရှိသူအနေဖြင့်ကိုယ်လည်းမိအောင် မဖမ်းနိုင်၊ မိမိထက်သာ၍လွတ်သွားသူကိုလည်းနှိမ်နှိမ်ချချလုပ်ချင်၊ မိမိကိုယ်မိမိလည်း ကိုယ်ရည်သွေးတတ်ကြလျှင်ဖြင့်“အတော်လည်သောသူခိုးအမျိုးယုတ်ဖြစ်ပါသည်။ ကျွန်တော်မျိုးတို့လိုစွမ်းစွမ်းတမံ၊ ရဲရဲဝံ့ဝံ့စစ်သူကြီးများကိုပင် ကလိမ်ကကျစ်လုပ်၍မလိမ့်တစ်ပတ်နှင့်လွတ်အောင်လုပ်သွားပါသည်ဘုရား” ဟုသာ ကိုယ်ရည်သွေးဖြေမိပါကအမတ်၏မဆင်မခြင်စကားအတွက် မင်းကြီးကိုယ်ချင်းစာနိုင်မည်မဟုတ်ပါ။ ဘဝအဆက်ဆက်ကွပ်မျက်သင့်သောအမတ်များဖြစ်သွားနိုင်ပါသည်။ သို့သော်လည်းမင်းကြီးနှင့်အမတ်ကြီးများသည် ထိုသို့မဟုတ်ခဲ့ပါ။ အမတ်ကြီးများသည်လွတ်သွားသောဦးဗောင်းကျားထုပ်ရှင်ကိုပင် ဘုန်းတန်ခိုးရှင်၊ကြီးမြတ်သောနတ်ဘီလူးနှင့်နှိုင်းခဲ့သည်။ သာမန်စဉ်းစားမည်ဆိုပါကမင်းကြီးဖမ်းခိုင်း၍လွတ်သွားသူကိုပင်လျှင် ဤမျှပင့်မြှောက်ပြောစရာမလိုပါ။မိလည်းမမိသေး၊ လွတ်သွားသူကိုပင်လျှင် ကြီးမြတ်သည်ဟုလည်းမြှင့်ပြောသောအမတ်အနေဖြင့် မင်းကြီးအာဏာစက်အောက် အသက်ပျောက်နိုင်ပါသည်။သို့သော်လည်း အသက်မပျောက်ပါ။ ဆင်ခြင်တုံတရားဖြင့် ပြဿနာအဖြေကိုသိထားသောကြောင့်ဖြစ်ပါသည်။ ဆင်ခြင်တုံတရားရှိသူအမတ်များအနေဖြင့်ဤစကားသည်သာ အကောင်းဆုံးစကားဖြစ်သည်။ ထို့ကြောင့်လည်း မင်းကြီး၏အမေးတွင်အတွေ့အကြုံအရ ပညာသားကြွယ်ဝသောအမေးဖြစ်ခဲ့သလိုအမတ်ကြီးများ၏လျှောက်တင်ချက်သည်လည်း အလွန်ပညားသားပါပြီးဆင်ခြင်တုံတရားအပြည့်ရှိသောအဖြေများဖြစ်ပါသည်။
ဦးဗောင်းကျားထုပ်ပြဿနာသည် တော်ရုံပြဿနာမဟုတ်။လူကြီးကိုအထင်သေးသောပြဿနာဖြစ်သည်။ အမတ်ကြီးများသည်မင်းကြီးလက်ပျဉ်းတော်ကျသည်ကို တွေ့မြင်မိသဖြင့်မိမိတို့ရယ်ခိုးမိသောကြောင့် ဖြစ်ရသည့်ပြဿနာဆိုသည်ကိုလည်းရိပ်မိကြသည်။သို့သော်လည်း မင်းကြီး၏စာနာတတ်မှု၊ ခွင့်လွှတ်တတ်မှုနှင့်အမတ်ကြီးတို့ကလည်း ဆင်ခြင်မိခဲ့ကြခြင်းကြောင့်သာဤပြဿနာကိုရှင်းနိုင်ခဲ့ခြင်းဖြစ်သည်။
“နင်တို့လေးယောက်ရအောင်ဖမ်းချေလေ၊ မရသော် နင်တို့ကိုမျက်အံ့” ဟူသောစကားအရ သေမှာကြောက်ပြီးဦးဗောင်းကျားထုပ်ရှင်အား မရရအောင်ဖမ်းမည်ဆိုပါကပို၍ပင်ပြဿနာကြီးကျယ်သွားနိုင်ပါသည်။ ဦးဗောင်းကျားထုပ်ရှင်ကိုမိလျှင်ကောင်းကျိုးထက်ဆိုးကျိုးပိုဖြစ်နိုင်သည်။ “ဖမ်းမမိလျှင် ကွပ်မျက်ခံရမည်”ဆိုသောအမိန့်တော်ကလည်း တစ်ဖက်တွင်ရှိနေသော်လည်းဖမ်းမိမှကွပ်မျက်ခံရမည့်ကိန်းကပိုများနေပါသည်။ ပြဿနာသိနေမှတော့ဆင်ခြင်တတ်လျှင် မဖမ်းနိုင်သည်ဖြစ်စေ၊ ဖမ်းနိုင်သည်ဖြစ်စေမဖမ်းနိုင်ခြင်းသည် အကောင်းဆုံးဆုံးဖြတ်ချက် ဖြစ်သည်။ သို့သော်လည်းမဖမ်းနိုင်ခြင်းအတွက် ဆင်ဆင်ခြင်ခြင်လျှောက်တင်တတ်ဖို့တော့ အရေးကြီးသည်။ပညာသားပါဖို့တော့လိုပါသည်။
ပြဿနာတစ်ခုတွင်ပြဿနာ၌ပါဝင်သည့်အကြောင်းအရာများထက် ထိုပြဿနာ၏ရည်ရွယ်ချက်သည်လည်းအရေးကြီးပါသည်။ ပါဝင်သောအကြောင်းတရားများပေါ်မူတည်ပြီးထိုပြဿနာ၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းလိုက်နိုင်မည်ဆိုပါကကိစ္စပြီးမြောက်နိုင်ပါသည်။ ဗောင်းတော် ညိတ်လျှင် စိတ်တော်သိဆိုသောစကားသည်အတော်အဆင့်မြင့်သောစကားဖြစ်သည်။ခေါင်းတော်ညိတ်သဘောမျိုးနှင့်တော့မဆိုင်ပါ။
နောက်ဆုံးတော့မင်းကြီးလည်း “ဟယ် အမတ်တို့၊ နင်တို့ ငါ့ကိုအိုပြီဟူ၍မှတ်ကြသည်။ငါမအိုသေး” ဟုမိန့်တော်မူ၏။ မိအောင်မဖမ်းနိုင်ခဲ့ခြင်းကြောင့်သာဤကဲ့သို့သောမိန့်တော်မူလောက်နှင့် ရပ်သွားခြင်းဖြစ်သည်။အမတ်တို့သေမှာကြောက်ပြီး မမိမိအောင်သာ အမိန့်အတိုင်းလိုက်ဖမ်းနေပါကသေချာပေါက်ရွာလည်မည့်ပြဿနာဖြစ်ကိန်းဖြစ်မည်။ ဤအကြောင်းအရာတွင်ဆင်ခြင်တုံတရားသည်သာ အသက်ဖြစ်သည်။
မြန်မာ့ရာဇဝင်တွင်အလားတူမှတ်သားစရာအချို့လည်းရှိပါသည်။ အခါတစ်ပါး၌ ရဟန်းတစ်ပါးသည်မင်းကြီးနံနက်စာပွဲတော်တည်မည့်ပွဲတော်အုပ်ကို ဆွမ်းအလို့ငှာမင်းကြီးထံမှအလှူခံပါသည်။ မင်းကြီးသည်လည်း ထူးခြားသောအလှူခံခြင်းဖြစ်၍ဝမ်းမြောက်ဝမ်းသာနှလုံးမွေ့လျော် အလှူဒါနပြုတော်မူလိုက်ပါသည်။
မင်းကြီးခံစားမိသည်မှာ ရဟန်းသည် သာမန်ရဟန်းတော့မဟုတ်တန်ရာ၊ရဟန်းမည်ကာမဟုတ်၊ ကြီးမြတ်သော မထေရ်တစ်ပါးပါးသာလျှင်ဖြစ်နိုင်စရာအကြောင်းရှိ၍ဟု နှလုံးမွေ့လျော်ပျော်ပိုက်သည့်နည်းတူအမတ်ကြီးတစ်ဦးကိုလည်း ထိုရဟန်းနောက်မှ နောက်ယောင်ခံပြီးလိုက်စေသည်။မင်းကြီးလိုက်စေလိုသည့်အကြောင်းတရားကလည်း မယုံသင်္ကာ၍မဟုတ်ပီတိစေတသိက်ကြည်နူးစိတ်ဖြင့်သာ လိုက်ကြည့်ခိုင်းခြင်းဖြစ်သည်။
အမတ်ကြီးသည် အမိန့်အတိုင်းလိုက်ကြည့်ရာ တောစပ်အရောက်တွင် ထိုရဟန်းမှာရဟန်းအရေခွာပြီး အရပ်သားအသွင်ဖြင့် ဘုရင့်ပွဲတော်ကိုအားပါးတရစားသောက်နေသည်ကို အမတ်ကြီးတွေ့ရှိခဲ့ရပါတော့သည်။
နန်းတော်ပြန်ရောက်၍ မင်းကြီးမေးသမျှပြန်လည်လျှောက်တင်ရာမှာတော့“ဘုန်းတော်ကြီးလှပါသော ရွှေနန်းရှင်မင်းကြီးဘုရား၊ ထိုအလှူခံရဟန်းသည်တောစပ်အရောက်တွင် ရဟန်းအသွင်မှကွယ်ပျောက်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်းလျှောက်တင်အပ်ပါသည်ဘုရား” ဟူ၍သာ ရွှေနားတော်သွင်းလိုက်သည်။ယင်းဖြေကြားမှုသည် ဆင်ခြင်တုံတရားနှင့် အလွန်ပြည့်ဝလှသည့်ဖြေကြားမှုဖြစ်သည်။လူလည်းချမ်းသာ၊ နတ်လည်းသာဓုခေါ်နိုင်သည့် ပညာရှိစကားဖြစ်သည်။ အမှန်ကိုအမှန်အတိုင်းမတင်လျှောက်ဟူသော အတွေးတော့ရှိနိုင်ပါသည်။ အမှန်အားဖြင့်ဆင်ခြင်တုံတရားဖြင့်သာ အမှန်ကိုအမှန်အတိုင်းတင်လျှောက်လိုက်ခြင်းသာဖြစ်သည်။
မင်းကြီးသည်လှူဒါန်းလိုစိတ်ရှိသည်။ မေတ္တာထားတတ်သည်။စေတနာပီတိဖြင့်လှူလိုက်သောပစ္စည်းဖြစ်သည်။ ဘုရင့်ပွဲတော်အုပ်ဆိုသည်မှာသာမန်လူအတွက်တော့ စားပိုင်ခွင့်မရှိသောနတ်သုဒ္ဓာဆိုသော်လည်းမင်းကြီးစေတနာသည် မိမိစားမည့်ပွဲတော်အုပ်ကိုပင်လှူလိုက်သောရက်ရောမှုသဒ္ဓါစိတ်ကား သာဓုခေါ်စရာဖြစ်သည်။ထိုကြည်နူးမှုများများရှိလေ အေးချမ်းမှုများများရလေဖြစ်ပါမည်။
အမတ်ကြီးအနေဖြင့် မင်းကြီး၏ကြည်နူးမှုကိုမျက်ကွယ်ပြုပြီး အလိုက်ကန်းဆိုးမသိ“ဒီသူဖုန်းစားလူလိမ်၊ လူကွယ်ရာတောစပ်အရောက်တွင် သင်္ကန်းကိုချွတ်ပြီးမင်းကြီး၏ပွဲတော်ကို မတန်မရာလွေးနေကြောင်းတွေ့ရှိရပါသည်။ ယင်းငမိုက်သားကိုကျွန်တော်မျိုးကြိုးတုပ်၊ အချုပ်၌ထည့်ထားကြောင်းပါဘုရား” ဟုသာ မဆင်မခြင်မြင်သည့်အတိုင်း သံတော်ဦးတင်လိုက်မိမည်ဆိုပါက မင်းကြီးလည်းထိုအမတ်လျှောက်ထားမှုကြောင့် ကုသိုလ်မှ အကုသိုလ်ပွားရတော့မည်ဖြစ်သည်။မင်းကြီးအကုသိုလ်ပွားလျှင် ရဟန်းဝတ်၊ အရပ်သားသူဖုန်းစားလည်းမင်းကြီး၏အာဏာစက်အောက်တွင် အသက်ပျောက်ဖွယ်ရာဖြစ်တော့မည်။ ကြည်နူးစရာမှမကြည်နူးစရာအမြင်တွေဖြစ်လာနိုင်သည်။ စေတနာကောင်းလွန်းသောမင်းကြီးကိုဝေဒနာပေးလိုက်ခြင်းသာဖြစ်မည်။ အမျက်တွင် ရှက်သည့်စိတ်ဝင်လာနိုင်သည်။ရှက်ရမ်းရမ်းလျှင် နာသင့်သူ ပိုနာတတ်သည့်အခြေအနေရောက်သွားနိုင်သည်။
အလွန်လေးစားစရာကောင်းသည့် ဆင်ခြင်တုံတရားရှိသော ပညာ ရှိအမတ်ကြီးကြောင့်သာမင်းကြီးလည်း စိတ်ချမ်းသာမှု၊ ပီတိများဖြစ်စေခဲ့ခြင်းဖြစ်သည်။
အရပ်သားသူဖုန်းစားအနေဖြင့်လည်း အပြစ်မဆိုသာ၊ မင်းကြီးပွဲတော်မတန်မရာကိုမှချင်ခြင်းတမိသည့်ဒုက္ခကား မသေးသောဒုက္ခဖြစ်သည်။ မိမိအသက်ကိုမိမိပြန်ရန်ရှာနိုင်သောဒုက္ခမျိုးဖြစ်သည်။ သို့သော်လည်း ချင်ခြင်းကားချင်ခြင်းဖြစ်သည်။ မရတာကိုမှ ပိုလိုချင်ြဲကသည်။ မရရအောင်လည်းလုပ်တတ်ကြသည်။ သဘာဝလည်းကျသည်။ If there is a will, and there is a wayဆိုသောစကားလည်းရှိသည်မဟုတ်လား။ အရပ်သားအနေဖြင့်ပွဲတော်အုပ်တစ်နပ်စားရဖို့အတွက် သျှောင်တစ်လုံးလည်း အဆုံးခံချင်ခံမည်၊နဂိုကတည်းကဆံပင်မပေါက်သော သဘာဝခေါင်းတုံးလည်းဖြစ်ချင်ဖြစ်မည်။အမတ်ကြီးလည်းမသိ၊ မင်းကြီးလည်းမသိ၊ ကာယကံရှင်သာသိမည်ဖြစ်သည်။ရဟန်းဝတ်လျှင်လည်း ဝတ်မည်၊ ရဟန်းအရေခြုံလျှင်လည်း ခြုံမည်၊ကာယကံရှင်မှလွဲ၍ မည်သူသိမည်နည်း။
မင်းကြီး၏ပွဲတော်အုပ်ရသည်နှင့်တစ်ပြိုင်နက် သင်္ကန်းကိုခွာ၊မင်းကြီးလှူလိုက်သောပွဲတော်ကို အားပါးတရလွေးလိုက်သည့်အဖြစ်ကလည်းအပြစ်မဆိုသာ။ တောင့်တတာရပြီ၊ သင်္ကန်းကိုခွာလိုက်သည်ကိုပင်ကျေးဇူးတင်ရမလိုဖြစ်သည်။ သာသနာကြောင့်ရသည့်ပွဲတော်အုပ်၊ယင်းပွဲတော်အုပ်သုံးဆောင်နေစဉ် သူ့ကိုယ်၌မြင့်မြတ်သည့်သင်္ကန်းကပ်မထားလိုခြင်းကလည်း ကြံဖန်မေတ္တာထားမည်ဆိုကချမ်းမြေ့စရာတွေသာဖြစ်သည်။ ကုသိုလ်၊ အကုသိုလ်ဆိုသည်မှာယူတတ်သူနှင့်သာဆိုင်သည်။ အကုသိုလ်အနေနှင့်ပေးသည့်တိုင် ယူတတ်လျှင်ကိုယ့်အတွက်ကုသိုလ်ဖြစ်တတ်သည်။ ပွဲတော်အုပ်တစ်ပွဲရရေးအတွက် ရင်းထားရသည့်သူဖုန်းစားအသက်လည်းပါသည်။ ဒါကိုလည်းစဉ်းစားဆင်ခြင်တတ်သည့်အမတ်ကြီးဖြစ်ပါသည်။
တကယ်တော့ ဒီပြဿနာမှာအမတ်ကြီး၏လျှောက်ထားမှုပညာသားနှင့် ဆင်ခြင်တုံတရားပါရန်သာလိုတော့သည်။သို့မဟုတ်ပါက မင်းကြီးလည်း စေတနာမဖြစ်၊ ဝေဒနာဖြစ်၊ သူဖုန်းစားလည်းပွဲတော်နှင့်အသက်ရင်းနှီးချက်က မသက်သာလှ။ ယင်းတို့သည်ဖြစ်လာမည့်အကြောင်းနှင့်အကျိုး (Cause and Effect) များသာဖြစ်သည်။ယင်းထက်ပိုဆိုးသည်ကား နောက်မှာဆက်ဖြစ် လာမည့် နောက်ဆက်တွဲဖြစ်ရပ်များ(Consequences)ကား ပိုဆိုး သည်။ ဆင်ခြင်တုံတရားရှိသည်နှင့် အမျှနောက်ဆက်တွဲအကျိုးကား ပိုကောင်းတတ်ပြီး ဆင်ခြင်တုံတရားနည်းသည်နှင့်အမျှနောက်ဆက်တွဲအကျိုးကား တစ်လှေကြီးဖြစ်သည်။ တစ်ခါတစ်ရံလူအများနောက်ပြောင်ပြောသော စကားတစ်ခွန်းရှိသည်။အကုသိုလ်သည်တစ်ယောက်တည်းမလာ၊ ဆွေလိုက်မျိုးလိုက် လာတတ်သည်ဟုပြောတတ်သည်။ယင်းယုတ္တိဗေဒမှန်ကန်ခဲ့လျှင် ကုသိုလ်ဆိုသည်မှာလည်း တစ်ယောက်တည်းမလာ၊ဆွေလိုက်မျိုးလိုက်လာမည်ဖြစ်သည်။ ယင်းဆွေလိုက်မျိုးလိုက်လာတတ်သောအကုသိုလ်၊ ကုသိုလ်များသည် ဆင်ခြင်တုံတရားနှင့်သာဆိုင်ပါသည်။
ပွဲတော်အုပ်အကြောင်းတရားကိုပြန်ကြည့်မည်ဆိုပါက အမတ်ကြီးလျှောက်တင်ချက်သည်အသင့်တော်ဆုံးအခြေအနေကိုဖြစ်စေပါသည်။ ရဟန်းအသွင်မှကွယ်ပျောက်သွားပါသည်ဘုရားဟူသောစကားသည် အသင့်တော်ဆုံးသာဖြစ်သည်။ အကယ်၍များခရေစေ့တွင်းကျ ဆင်ခြင်တုံတရားမရှိ၊ တွေ့သမျှ၊ မြင်သမျှ၊ မျက်လုံးအမြင်ဉာဏ်မယှဉ်ဘဲ လျှောက်တင်ကြစတမ်းဆိုလျှင် မင်းကြီးလည်းစိတ်ဆိုး၊သူဖုန်းစားကိုကားတိုင်တင်၊ ဒါတွေဟာ Cause and Effect ပါပဲ။ ဒီ Cause andEffect ရပ်သွားလျှင်တော်ပါရဲ့။ နောက်ဆက်တွဲ Consequences ဆိုတာတွေလိုက်လာဦးမည်ဖြစ်သည်။ Cause and Effect နှင့်သာမရပ်သေးပါ။ယင်းအမတ်ကြီးများပေါ့ဆမှုကြောင့်သာ မင်းကြီးရှေ့တော်အရောက်ပွဲတော်တည်ချိန်အမီ ရဟန်းဝတ်ပုဂ္ဂိုလ်ရောက်နိုင်ခြင်းသာဖြစ်သည်။သူများကိုအပြစ်ပြောရမည်ဆိုလျှင် အမတ်ကြီးမှာလည်းအပြစ်ရှိမည်ဖြစ်သည်။အကြောင်းမလှလျှင် ကြံရာပါပင်ဖြစ်သွားနိုင်သည်။သူများအပြစ်ကိုသာမြင်တတ်ပြီး ကိုယ့်လည်းပြန်ပတ်နိုင်သောအမှုဖြစ်သည်။သူများမျက်ချေးကိုသာမြင်ပြီး ကိုယ့်မျက်လုံးထဲတွင်ငြောင့်ဝင်နေသည်ကိုမသိသည့်အဖြစ်မျိုးနှင့်လည်းတူသွားတတ်ပါသည်။ မင်းကြီးသည်မစဉ်းစားမဟုတ်၊ယင်းကိစ္စကိုစဉ်းစားမည်ဖြစ်သည်။ နောက်အတိုင်းတိုင်းအပြည်ပြည်ကြားလို့မလျော်၊ အပြင်တွင်မကြားသင့်သောအတွင်းစကားကိုပညာရှိဆင်ခြင်တတ်သောအမတ်ကြီးသည် အတွင်းအကျဆုံးဖြစ်သော သူ့ရင်တွင်း၊နှလုံးအတွင်း၌သာ သိမ်းဆည်းထားလိုက်သည်။ အလွန်ချစ်စရာကောင်းသောလေးစားထိုက်သည့်အမတ်ကြီးဖြစ်သည်။
သို့သော်လည်း နောင်တစ်ကြိမ်တော့ယင်းသူဖုန်းစားရဟန်းဝတ် ဒီအလစ်မျိုးတော့ချိုးမရတော့ပါ။အမတ်ကြီးသိသွားပြီဖြစ်သည်။ အသိကိုအသိမှာထားပြီး သတိနှင့်ယှဉ်သောဆင်ခြင်တုံတရားလည်းဖြစ်သွားသည်။ ထို့အပြင် ဆင်ခြင်တုံတရားတွင်မေတ္တာတရားလေးစွက်ဖက်နိုင်ပါကပိုကောင်းပါသည်။
ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)
Showing posts with label ဖတ်သင့်သည်... Show all posts
Showing posts with label ဖတ်သင့်သည်... Show all posts
ဘဝ
ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။
ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
ရယ်တာတော့ အတော်နည်းသွားပြီ။
ကားမောင်းတာ အတော်မြန်လာကြတယ်။
ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
စာဖတ်တာ အတော်လေးနည်းတယ်။
ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး
ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။ ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ
အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ
သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။

ဝိရောဓိဘဝ
> အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။
> ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။
>
>
> ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။
> ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။
> ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။
>
>
> ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။
> ရယ်တာတော့ အတော်နည်းသွားပြီ။
> ကားမောင်းတာ အတော်မြန်လာကြတယ်။
> ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။
> အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။
> စာဖတ်တာ အတော်လေးနည်းတယ်။
> ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။
>
>
> ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။
> ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။
> ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။
>
>
> ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။
> ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။
> ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။
>
>
> ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။
> ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။
> ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။
> ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။
>
>
> ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။
> ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။
> ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။
>
>
> ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။
> ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။
> ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။
>
>
> ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။
> ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။
> အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။
> လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။
>
>
> အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။
> အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။
> နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။
> လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။
>
>
>
> ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။
> အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။
> သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။
>
>
> သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။
> သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။
> ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။
> သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။
>
>
> နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။
>
> သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။
> ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။
>
>
> သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။
> နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။
> နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။
> အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့
>
>
> ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ
>
> ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။
ဖြစ်နိုင်? မဖြစ်နိုင်?
ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။
ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေး
သတ္တဝါတွေမှမဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊ အမြင်”တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။
ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပံ္ပပညာရှင်တွေက လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ပတ်သက်တဲ့ ပညာအရ (dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။ ဒီလိုလေ့လာဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့် သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။
Ford ကားကုမ္ပဏီပိုင်ရှင် Fordဟာ အသက်(၄ဝ)ရောက်မှ အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိ သင်ခဲ့ဖူးသူမဟုတ်ဘူး။စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinder engine ကိုလုပ်ဖို့ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့ “သနားစရာဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ သူဌေးပဲ”ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့ 8-cylinderအင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း ရှင်းပြခဲ့လည်းFordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinder အင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။
အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Ford ကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။
“လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကို ကျွန်တော်တို့သိလိုက်ရတယ်”
Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။
“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေ အမြန်ဆုံးပြုလုပ်ပေးပါ”
အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက် သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလို ရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်းအလုပ်က စခဲ့ပြီး၊ အဆင့်မြင့်အတန်းပညာတွေ မသင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ မဖြစ်နိုင်ဆိုတဲ့စကားကရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို သူခိုင်းစေခဲ့ပြန်တယ်။
“အင်ဂျင်နီယာများခင်ဗျား...ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ”
ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့် လုပ်နိုင်ခဲ့တာဖြစ်တယ်။ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နိုင်တယ်။မဖြစ်နိုင်ဘူးလို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။
Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်းက “မဖြစ်နိုင်ဘူး”လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုကြောင့်အမြင့်မှာပျံသန်းနိုင်ပြီး ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကို အောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့ ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။
တကယ်တော့တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ပုံသေအတွေး၊တစ်သတ်မှတ်အမြင်တွေကို ဖယ်ရှားပြီး ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။
၁၉၂၁ ခုနှစ် ဇွန်လ (၂)ရက်နေ့မှာ (နယူးယောက် တိုင်း(မ်)) ၂၅နှစ်ပြည့် အထိမ်းအမှတ်လုပ်ခဲ့ပြီး ကြေညာစာတစ်စောင် ထုတ်ဝေခဲ့တယ်။ ကြေညာစာစောင်မှာ ယနေ့သတင်းဖတ်နှုန်းသည် ယခင် ၂၅နှစ်ထက် ၂၅ဆ ပိုခဲ့သည်ဆိုတဲ့ သတင်းတစ်ခုပါခဲ့တယ်။
စာဖတ်သူအများရဲ့အမြင်မှာဒါဟာ သာမန်သတင်းတစ်ခုလို့ မှတ်ယူခဲ့ကြတယ်။ သာမန်လွန်းလို့ တစ်ချို့ကဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တွေးတောတတ်ပြီး သာမန်အမြင်နဲ့ မမြင်တဲ့လူတစ်ချို့ရဲ့ အကြည့်မှာ ဒါဟာ အရမ်းအဖိုးတန်တဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်မှာရှိတဲ့ လူ (၁၆)ဦးက ဒီသတင်းကြောင့် ဂျာနယ်တစ်စောင်ထုတ်ဝေနိုင်ဖို့ အမြန်လှုပ်ရှားခဲ့ကြတယ်။ (၃)လအတွင်းမှာ ရင်းနှီးမတည်ငွေ ဒေါ်လာ(၅ဝဝ)ကို ဘဏ်မှာ သူ့ထက်ငါ အလုအယုက် သွားရောက်သွင်းခဲ့ကြပြီး လုပ်ငန်းလိုင်စင်တွေ လျှောက်ခဲ့ကြတယ်။
အဲဒီနောက် သက်ဆိုင်ရာ စာရွက်စာတမ်းပြုလုပ်ဖို့အတွက် စာတိုက်ကို သွားရောက်ခဲ့ကြတယ်။ စာတိုက်တာဝန်ခံတွေက ရွေးကောက်ပွဲတွေ မကြာခင်ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီလိုစာစောင်ရဲ့ လျှောက်လွှာနဲ့ ထုတ်ဝေမှုတွေကို လောလောဆယ် လုပ်မပေးနိုင်သေးကြောင်း၊ လုပ်ပေးနိုင်မယ့် အချိန်အခါကိုလည်း တိတိကျကျ မသိသေးကြောင်းပြောခဲ့တယ်။
အဲဒီသတင်းကြောင့်လူ (၁၅)ဦးက ဒီလိုအချိန်အခါနဲ့ ဂျာနယ်ထုတ်ဝေဖို့ မသင့်လျှော်ဘူးဆိုပြီးလုပ်ငန်းလိုင်စင်လျှောက်ဖို့ ရက်ကို နောက်ရွေ့လိုက်ကြတယ်။ ဒါပေမယ့် DeWitt Wallace လို့ခေါ်သူတစ်ဦးက ဒီသတင်းကို ဂရုမစိုက်ခဲ့ဘူး။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားကိုလည်း စိတ်ထဲမှာ မထည့်ခဲ့ဘူး။ စာတိုက်တာဝန်ခံရဲ့ “မဖြစ်နိုင်” ဆိုတဲ့စကားက သူ့ပြိုင်ဖက် (၁၅)ဦးကို အလဲထိုးလိုက်တယ်လို့ပဲ မှတ်ယူခဲ့တယ်။
Wallace က သူငှားနေတဲ့ နယူးယောက်က Greenwich Village နေအိမ်ကို ပြန်ရောက်ပြီးနောက် စာအစောင် (၂ဝဝဝ) နဲ့အတူ Card ordersကို သူ့ရဲ့ဇနီးမယားဖြစ်လာမယ့် ချစ်သူရဲ့ အကူအညီနဲ့ အနယ်နယ် အရပ်ရပ်ကို ပို့ခဲ့တယ်။ ဒီလိုနဲ့ “Reader's Digest” ဆိုတဲ့စာစောင်တစ်ခု အရှိန်အဟုန်ပြင်းပြင်းနဲ့မွေးဖွားခဲ့တယ်။ ၂ဝ ရာစုနှောင်းပိုင်းမှာ “Reader's Digest”က ဘာသာ (၁၉)မျိုး၊ ဗားရှင်း (၄၈)မျိုးနဲ့ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ နိုင်ငံပေါင်း(၁၂၇) ကို ဖြန့်ချီခဲ့ပြီး ဝယ်ယူသူပေါင်း သန်းတစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့တဲ့အပြင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း (၅ဝ)ကျော်ရှိခဲ့တယ်။ အမေရိကန်စာစောင်တွေမှာ နံပါတ် (၁)နေရာအဖြစ် ဆယ်စုနှစ်ကျော် နေရာယူထားတဲ့ စာစောင်ဖြစ်ခဲ့တယ်။ “Reader's Digest” ရဲ့ အောင်မြင်မှုက လူတွေ “မဖြစ်နိုင်ဘူး” လို့ ထင်တဲ့အရာကို “ဖြစ်အောင်” Wallace လုပ်ခဲ့ကြောင်း သက်သေပြနေခဲ့တယ်။
ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေးနဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့ ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ “ဖြစ်နိုင်”ခဲ့ပါတယ်။
ABCD
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင်
စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော်ကတော့ မှန်တယ်လို့ထင်ပါတယ်... တော်တော်လေးလဲ နီးစပ်မှုရှိပါတယ်...
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်
ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။ Good Luck !
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

ယောက်ျားမကြိုက်သော မိန်းမများ
၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ
သူငယ်ချင်း မိန်းခလေးများ ရည်းစားရရှိရန် (သို့) ရည်းစားရှိပြီးသူများလည်း အတွက်လည်း ဆောင်ရန်ရှောင်ရန် လေးတွေပါ....

စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်
ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကို
ရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက
ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။
ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့
ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို
ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့
"သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့
ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။
ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို
လက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ်
ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။
ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။
မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက်
မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲ
အရောက်ပို့ပေးခဲ့တယ်။
တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း
ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို
ကြီးထွားစေနိုင်ပါတယ်။
အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊
အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။
အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်
ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင်
ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။
အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေ
နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်
နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း
စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။
အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့
ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင်
ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို
တံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါ
တယ်။
အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့
မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကို
လှပတဲ့အတွေးဝင်စေခဲ့ပါတယ်။
အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ
အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။
အမြဲတမ်း ရှိနေပါတယ်
လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။
တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့
မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ

ဖတ်သင့်သည်..
ကျွန်မ ဒီစာကို မရေးခင် အများကြီး စဉ်းစားဖြစ်တယ်။ ရေးရင် ကောင်းမလား။
သူများကို များထိခိုက်သွားမလားလို့။ ဒါပေမယ့် ကြိုတင်သတိပေးတာ
ကောင်းပါတယ်လေလို့ စိတ်ဆုံးဖြတ်ချက် ချပြီး ရေးသားလိုက်တာပါ။
စက်မှုလက်မှု ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ လူတွေအတွက် ကောင်းတာတွေရော၊
မကောင်းတာတွေပါ ရောပါလာတတ်ပါတယ်။ သုံးတတ်မယ်ဆိုရင် အသုံးဝင်သလို
အသုံးမပြုတတ်လို့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့လူတွေ လည်း အများပါ။
ခုနောက်ဆုံး ခေတ်ပေါ်တာကတော့ အွန်လိုင်း (ချက်တင်) ပါပဲ။ တကမ္ဘာလုံးမှာ
တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ဟိုးအရင်က ဆက်သွယ်ရေးခက်ခဲလို့
နိုင်ငံခြားရောက်နေတဲ့ သား၊သမီး ဇနီးမယား တွေနဲ့ တစ်လ နေ မှ တစ်ခါ
စကားမပြောရပေမယ့် အခုတော့ အွန်လိုင်းကနေ တဆင့် တစ်နေ့တစ်ခေါက် မက
တစ်နေကုန် ထိုင်ပြော လို့ရနေပါပြီ။ကောင်းတဲ့ဘက်ကပေါ့။ ဒါပေမယ့်
တစ်ခြားတစ်ဘက်က ကြည့်ရင် အွန်လိုင်းဆိုတာ သိပ်ရှုပ်ထွေးပါတယ်။
ယောကျာ်းလေးနဲ့ မိန်းကလေး အွန်လိုင်းပေါ်တွေ့ကြ၊ ကြိုက်ကြ၊ ကွဲကြ
တယ်ဆိုတာဟာ သိပ်မထူးဆန်းတော့တဲ့ ဇာတ်လမ်းတွေဖြစ်လာပါတယ်။ အွန်လိုင်း
ပေါ်မှာတွေ့ပြီး တကယ်လက်ထပ်သွားတဲ့ လူတွေလည်း အများကြီးပါ။ ဒါပေမယ့် ၁၀%
လောက်တော့ မရှိသေးပါဘူး။ ကျန်တဲ့ ၉၀% ကတော့ အွန်လိုင်းပေါ်မှာ
ခံစားချက်ပေါင်းများစွာနဲ့ ပျော်မွေ့နေကြ တုန်းပါ။ ကျွန်မ အသိ
ကောင်မလေးတစ်ယောက် ကတော့ အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့
ချစ်ကြိုက်မိပါတယ်။ ကျွန်မ သူငယ်ချင်းက မြန်မာပြည် မှာပါ။ သူနဲ့
ကြိုက်နေတဲ့ သူ့ချစ်သူက အမေရိကားမှာပါ။ တစ်နေ့တော့ ကျွန်မကို သူမ
အကူအညီတစ်ခုတောင်းလာပါတယ်။ သူချစ်သူ အကြောင်းစုံစမ်းပေးပါတဲ့။ ကျွန်မလည်း
ပေါ့ပေါ့တန်တန်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူမ က ကျွန်မကို သူ့ချစ်သူ ရဲ့
နေရပ်လိပ်စာ အတိအကျပေးတယ်။ ဖုန်းနံပါတ်တော့ မပေးပါဘူး။ ကျွန်မ ဂျီတော့
မှာလည်း လာအပ်ထားခိုင်းပါတယ်။ ကျွန်မလည်း အမှတ်တမဲ့ပါပဲ အပ်
ထားလိုက်မိတယ်။ တစ်နေ့တော့ မထင်မှတ်ပဲ အမေရိကားရောက်နေတဲ့ ကျွန်မ
သူငယ်ချင်းနဲ့ စကားပြောဖြစ်ပါတယ်။ စကားပြောရင်း ကျွန်မ သူကို
မေးကြည့်လိုက်ပါတယ်။ သူတို့ နေထိုင်တဲ့ state ချင်းတူတာကိုး။
အဲဒီလိပ်စာကို သိလားပေါ့။ သူကလည်း သိတယ်လို့ပြောပါတယ်။ ဒါနဲ့ပဲ
ကျွန်မလည်း နံမည်ကို မေးကြည့်ပါတယ်။ သူက အဲဒါက လူနေတဲ့ နေရာ မဟုတ်ကြောင်း
ဘုန်းကြီးကျောင်းသာ လျှင် ဖြစ်ကြောင်း ပြောပြပါတယ်။ ကျွန်မ
သိပ်အံဘြသွားတယ်။ နောက် မသိစိတ်ကလည်း မဖြစ်နိုင်ဘူးလို့ ကိုယ်ဘာသာကိုယ်
သတိပေးလိုက်တယ်။ ဘုန်းကြီးကျောင်းမှာ ရောက်နေတဲ့ ကပ္ပိယ လားပေါ့။ နောက် ၂
ရက် လောက် ကြာတော့ ကျွန်မ သူငယ်ချင်းရဲ့ ချစ်သူလို့ ပြောတဲ့ လူကို
အွန်လိုင်းမှာ လှန်းတွေ့လိုက်လို့။ စကားပြောမယ်လို့ ပြောလိုက်တယ်။
သူကလည်း accept လုပ်ပြီး စကားပြောတယ်။ သူ့ အသံကိုနားထောင်ကြည့်တဲ့ အခါ
ဘုန်းကြီးသံဆိုတာ ချက်ခြင်းသဘောပေါက်သွားတယ်။ ကျွန်မ လည်း
သိပ်စိတ်ဝင်စားသွားပြီး ဆက် စုံစမ်းဖြစ်တယ်။ ၂ ပတ် အကြာမှာ သူဟာ
ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း သက်သေ အခိုင်အလုံ နဲ့ တွေ့တယ်။ ခုတော့ လည်း
ကျွန်မ သူငယ်ချင်းမလေး မျက်ရည်နဲ့ မျက်ခွက်ပါပဲ။ ဘြော်....
အွန်လိုင်း...အွန်လိုင်း....
from mail

ဒီစာလေးနဲ့ ပတ်သက်ပြီးပေါ့။ ပထမဆုံး ကျွှန်တော့်ဘာသာမလို့ ဖင်ပိတ်ငြင်းတာ မဟုတ်ဘူး။ I am not a really good buddism too!
နောက်ပြီးတော့ State ချင်းတူတယ်ပြောသွားတယ်။ ဟွန့် State တစ်ခုက မြန်မာတစ်နိုင်ငံလောက်ရှိတာ ထည့်မပြောသွားဘူး။ အမေရိကား State ချင်းတူရင်တောင် တွေ့ဖို့မလွယ်။ မြန်မာတိုင်း မြန်မာနဲ့သက်ဆိုင်တာ နေရာတိုင်းမှာ ဘာရှိတယ် ဘယ်လိုသိမတုန်း။ ခုတောင် CA မှာတင် ဘုန်းကြီးကျောင်းတွေ အများကြီး။ မြန်မာနည်းနည်းများတဲ့ နေရာတိုင်းမှာ ဘုန်းကြီးကျောင်းအနည်းဆုံး တစ်ခု ရှိတယ်။ မြန်မာများတဲ့ Mega Cities တွေဆို မပြောတော့ဘူး။ အနည်းဆုံး နှစ်ကျောင်းပဲ။
ထားပါ State အကြောင်းပြောတာနဲ့ ပေရှည်သွားပြီ။ နောက်ပြီးတော့ ဘုန်းကြီးအသံဆိုတာ ဘယ်လိုသိတုန်း။ စာချတဲ့ အသံနဲ့ ပြောနေလို့လား.... မထင်ပါ။ ဒါက သတ်သတ် Stereo Type Image ကိုသုံးစားသွားတာ လူတွေလွယ်လွယ် မစဉ်းစားဘဲ လက်ခံအောင်လို့။
ပြီးတော့ အဲဒီ ဘုန်းကြီးတာ တစ်ကယ်အဲလိုလုပ်ရင် သူ့ကျောင်းလိပ်စာကို အတိအကျ ပေးမလား။ အမေရိကားမှာ ဒီလို Information တွေက ဒီလောက် ရဖို့လွယ်တာ လိပ်စာအတိအကျသိတာနဲ့။ ကျောင်းရဲ့ ဒကာ ဒကာမ တွေရဲ့ လိပ်စာ သိမှာပဲ။ အဲဒါ ဘာညာ ပေးလိုက်လဲရတာပဲ ဘယ်သူသိတာမှတ်လို့ လိမ်ချင်ရင်ပြောပါတယ်...
နောက်ပြီးတော့ စုံစမ်းတယ် ဆိုတာ ဘာလို့ ၂ပတ်တောင်ကြာလဲ။ စဉ်းစားစရာ လိပ်စာ အတိအကျသိနေတာ... လေယာဉ်စီးပြီး Taxi ကို အဲဒီလိပ်စာတိုင်း သွားကြည့်တာတောင် ၂ရက်ပဲကြာမယ်။ အဟိ.... ဒါမှမဟုတ် Private Investigator ငှားတာလား။ PI ငှားပြီး ကွန်ပျူတာတွေဘာတွေများ ခိုးကြည့်ခိုင်းတာလား။ PI ဆိုရင် အဆောက်အဦးကို ဓါတ်ပုံရိုက်ခိုင်းလိုက်မပြတ်ဘူးလား။ အဲဒါတောင်မှ အဲလောက်ကြာမယ်မထင်။ ဒါမှမဟုတ် Hacker ငှားပြီးပဲ ကွန်ပျုတာကို အဲလိုလုပ်တာလား...။ မသေချာမရေရာလေးတွေ စဉ်းစားမိပါတယ်။
လန်ကျုပ်ပါလို့ အတင်းအော်နေတာ မဟုတ်ပါဘူး။ စဉ်းစားမိအောင်လေး ပြောမိတာပါ။
သင်သာ အကောင်းဆုံးဖြစ်ပါစေ
သင်သည် တောင်ထိပ်ပေါ်က ထင်းရှုးပင်လေး မဖြစ်နိုင်ခဲ့ရင်တောင်ကြားထဲက ချုံပင်လေး ဖြစ်ပါစေ၊ သို့သော်လည်း တောင်ကြားနဘေး နေရာမှာအကောင်းဆုံး ချုံပုတ်လေး ဖြစ်စေရပါမယ်။
သစ်ပင်ကြီး မဖြစ်နိုင်လျှင်လည်း ချုံပုတ်လေးတော့ ဖြစ်ပါစေ။
ချုံပုတ်လေးမဖြစ်နိုင်ရင် မြက်ပင်လေးဖြစ်ပါစေ၊ ဒါပေမဲ့ အဲဒီ မြက်ပင်လေးဟာလမ်းမကြီးကို လှပအောင် တန်ဆာဆင်ပေးနေတဲ့ မြက်ပင်လေးတွေ ဖြစ်ပါစေ။
အကယ်၍ သင်ဟာ ငါးသလောက် မဖြစ်လျှင် ငါးစင်ရိုင်းလေး ဖြစ်ပါစေ၊ အဲသည် ငါးစင်ရိုင်းလေးဟာ အလှဆုံး ငါးလေးတကောင် ဖြစ်နေပါစေ။
ကျွနုပ်တို့ အားလုံးဟာ ခေါင်းဆောင်ချည်း မဖြစ်နိုင်ပါဘူး နောက်လိုက်တပည့် များလည်းဖြစ်နိုင်ပါတယ်။
ဦးဆောင်ရသည် ဖြစ်စေ၊ နောက်လိုက်ရသည် ဖြစ်စေ မိမိရောက်ရာကနေ မိမိတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ဖို့သာ အဓိက ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်ကတော့ ကြီးကြယ်တဲ့ အလုပ်ကိုပဲ ဖြစ်စေ၊ အသေးအဖွဲသေးငယ်တဲ့ အလုပ်ဖြစ်စေ အစွမ်းကုန် လုပ်ဖို့ပါပဲ၊ မည်သည့် အလုပ်မဆိုအတတ်နိုင်ဆုံး ကြိုးစားပါ။
သင်ဟာ လမ်းမကြီး မဖြစ်နိုင်လျှင် လူသွားလမ်းလေးတော့ ဖြစ်ပါစေ။
သင်ဟာ နေမင်းကြီး မဖြစ်နိုင်လျှင် ကြယ်ပွင့်လေးတော့ ဖြစ်ပါစေ။
အကြီးအသေးအရွယ်အစားကို တွေးပြီး နေမင်းကြီး ဖြစ်မှသာ အောင်မြင်တယ် မယူဆလိုက်ပါနဲ့၊သူ့အရွယ်အစားနဲ့သူ အရည်အချင်းလဲ မတူပါဘူး၊ ဘာကိုပဲ လုပ်လုပ် အရွယ်အစားကိုလိုက်ပြီး အနိုင်အရှုံး ဘယ်လိုမှ ဆုံးဖြတ်လို့ မရဘူးဆိုတာ သိပါ၊ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှ အခြေအနေမှာ အကောင်ဆုံးဖြစ်အောင် ကြိုးစားဖို့သာ အဓိကပါပဲ။
ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသာ ဖြစ်ပါစေ။
ဒါကြောင့် ကျွန်တော်တို့ ဘ၀မှာပူပင်သောက ကင်းဝေးပြီး ငြိမ်းချမ်းစွား အသက်ရှင် နေထိုင်လိုလျှင် အောင်ပါအချက်တွေကို အမြဲသတိရပြီး ကျင့်ကြံပါလေ။
သူတပါးကို မတုပနှင့်
ကိုယ့်အစွမ်းအစကို တွေ့အောင်ရှာ
အရှိကို အရှိအတိုင်းကြိုးစားပါ။

အချစ်ဆုံးကို နားလည်ပါ
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။
သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

နှုတ်ချိုသျှိုတစ်ပါး
နားဝင်ချိုတဲ့စကားကို လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် နားဝင်ချိုအောင် လူတိုင်း မပြောတတ်ကြဘူး။
ကျွန်တော် ဖတ်ဖူးတဲ့ တစ်ခြားလူပြောတဲ့ နားဝင်ချိုစကား တွေကို မျှဝေ လိုက်ပါတယ်။
၁)
သမီးနဲ့အတူ အိမ်ဘေးက ကလေးတွေ ခြံထဲမှာ ဆော့ကစားနေကြတယ်။ ကလေးတွေက စိုက်ထားတဲ့ နှင်းဆီပန်းတွေကို ခူးခြွေနေတာကို အိမ်ရှင်ယောက်ျား ကတွေ့တော့ “ဒီမျောက်လောင်းတွေ နှင်းဆီပင်ကို ဖျက်ဆီးနေ ကြတယ်..ငါ သွားဆုံးမလိုက်ဦးမယ်” လို့ ဒေါနဲ့မောနဲ့ပြောတော့ အိမ်ရှင်မက “ ရှင်အသာနေစမ်းပါ ...ကျွန်မသွားမယ်” ဆိုပြီး ခြံထဲ ဆင်းသွားတယ်။ ကလေးတွေနားရောက်တော့ လေသံနိမ့်ပြီး “သားတို့ သမီးတို့ ဒီနှင်းဆီပင်မှာ အဆူးတွေရှိတယ်.. အခုနားတင်ပဲ အပင်ကို ပိုးသတ်ဆေး ဖြန်းထားတယ်။ ဆူးစူးမိပြီး ပိုးသတ် ဆေးတွေ အနာထဲဝင်ရင် အဆိပ်ဖြစ်တတ်တယ်... အန်တီက စိတ်ပူလို့ပြောတာ... တစ်ခြားနေရာ သွားဆော့ကြနော်” လို့ပြောလိုက်တယ်။
၂)
တည်းခိုခန်းတစ်ခုမှာ ဧည့်သည်တွေအတွက် ရေချိုးခန်းမှာထားတဲ့ ပုဝါတွေ အမြဲပျောက်တော့ သူဌေးက စိတ်တိုပြီး “တည်းခိုခန်းပုဝါ ခိုးသူအား တရားဥပဒေအရ အရေးယူမည်” လို့ သတိပေးစာ ရေးပြီး အိပ်ခန်းတိုင်း လိုက်ကပ်ခဲ့တယ်။ နောက်တစ်ရက်မှာ သူဌေးက အဲဒီစာကို “ ဥပဒေနှင့် ငြိစွန်းနိုင်ပါသဖြင့် တည်းခိုခန်း ပုဝါအား မခိုးပါနှင့်” လို့ ပြောင်းရေးလိုက်တယ်။ နောက်တစ်ရက်နေပြီးတော့ သူဌေးက အဲဒီစာကို တဖန် “အကယ်၍ ပုဝါအား သင်ကြိုက်နှစ်သက်ခဲ့သော် ကောင်တာတွင် အသစ်ဝယ်ယူနိုင်သည်။ ပုဝါဟောင်းကို ယူပြီး အသစ်တန်ဖိုး ပေးနေရမှာ စိုးသောကြောင့်ဖြစ်သည်”လို့ ပြောင်းရေးလိုက်ပြန်တယ်။
၃)
လူမမာ အမယ်အိုတစ်ဦး ဘယ်လိုပဲ ဆေးတိုက်တိုက် မသောက်ဘဲ ခေါင်းမာနေ ခဲ့တယ်။ ညအချိန် ချောင်းတွေ မပြတ်ဆိုးတော့ သားဖြစ်သူက “ချောင်းတွေ ဒီလောက်ဆိုးနေတာ ဆေးတိုက်တော့လည်း မသောက်ဘူး... အမေကို ငါသွားပြောမယ်” ဆိုတော့ ချွေးမဖြစ်သူက “နေဦး...အမေ ဆေးသောက်လာအောင် နောက်တစ်နည်း ပြောကြည့်မယ်” ဆိုပြီး အကြံထုတ်တော့တယ်။ နောက်နေ့မနက် ရောက်တော့ သားက အမေ့ကို“ သားအမိ ဆိုတာ စိတ်ချင်း ဆက်နေကြတယ်.. ညည အသံတိုးတိုးလေးနဲ့ အမေချောင်းဆိုးနေတာတောင် သားကြားတယ်... သားခံစားရတယ်.. အမေ အိပ်ရာမ၀င်ခင် ဆေးအမြဲသောက်ပါနော်” လို့ပြောမှ အမယ်အိုက ဆေးသောက် တော့တယ်။
၎) မိန်းမဖြစ်သူက ပြုတင်းပေါက်ဖွင့်ထားတော့ လေစိမ်းတွေက ၀င်လာတယ်။ ယောက်ျားက “ မအေးဘူးလား.. ဘာဖြစ်လို့ ပြုတင်းပေါက် မပိတ်တာလဲ” လို့ပြောမယ့်အစား “ မိန်းမရေ..နင်ချမ်းမှာစိုးလို့ ငါပြုတင်းပေါက် ပိတ်လိုက်ပြီနော်”လို့ ပြောလိုက်သတဲ့။
၅) လူတစ်ယောက်က သူ့မိတ်ဆွေကို ပိုက်ဆံတစ်ထပ် လှမ်းပေးလိုက်ပြီး “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... အိမ်ပြန်ရောက်လို့ နည်းနေရင် ငါ့အဆိုးမဆိုနဲ့” လို့ ပြောမယ့်အစား “ ပိုက်ဆံတွေ ရေကြည့်ဦးနော်... ငါဦးနှောက်က သိပ်ကောင်းတာ မဟုတ်ဘူး.... လျော့ပေးမိမှာစိုးလို့” လို့ ပြောသတဲ့။
တူညီတဲ့ အဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ရှုထောင့်ကကြည့်မိပြီး မတူညီတဲ့ ခံစားမှုနဲ့ မတူညီတဲ့ စကားတွေ ပြောထွက်တတ်တယ်။ တစ်ဖက်သားကို ထိခိုက်စေတဲ့ စကားပြောမိတာဟာ ကိစ္စတစ်ခုကို ရှုထောင့်ပြောင်းပြီး နောက်ကို တစ်လှမ်းဆုတ်ပြီး မတွေး၊ မကြည့်ခြင်းကြောင့်ဖြစ်တယ်။

ဘ၀ရဲ့ တွန်းအား
Faith is the force of life.
Leo Tolstoy (1828-1910)
ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ။
(လီယိုထော်လ်စ်တွိုင်း)
သက်ရှိအရာဝတ္ထုဖြစ်စေ၊ သက်မဲ့အရာဝတ္ထုဖြစ်စေ တွန်းအားမရှိပဲရွေ့လျားနေတဲ့အရာတစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော်အနေနဲ့တော့တစ်ခါမှမမြင်ဖူးပါ။ အရာရာတိုင်းရဲ့ရွေ့လျားမှုဟာ နောက်ကွယ်ကတွန်းအားတစ်မျိုးမျိုးကြောင့်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ သစ်ရွက်ကလေးတစ်ရွက် ရွေ့လျားနေတာကိုပဲကြည့်လေ။ လေပြေလေညင်းလေးရဲ့တိုက်ခတ်တွန်းထိုးမှုကြောင့်ဆိုတာ သိနိုင်ပါတယ်။ သို့မဟုတ် တခြားအကြောင်းတစ်ခုခု၊ ဒါမှမဟုတ် တွန်းအားတစ်ခုခုကြောင့် ဆိုတာကတော့ မလွဲပါဘူး။
ကျနော်တစ်ခုစဉ်းစားကြည့်တယ်။ တစ်စုံတစ်ခုကိုရွေ့လျားအောင်လုပ်နိုင်တဲ့အရာ၊ သို့မဟုတ် အင်အားဟာ အဲဒီအရွေ့ခံ အရာထက်တော့ပိုမိုအားကြီးလိမ့်မယ်လို့။ အားနည်းတဲ့အရာက အားကြီးတဲ့အရာကိုရွေ့လျားစေတဲ့အဖြစ်အပျက်တစ်ခုခုကို စာဖတ်သူမြင်ဖူးပါသလား။ ကျနော့်အနေနဲ့ကတော့ အခုထိမမြင်ဖူးသေးပါ။ ရွေ့နေတဲ့အရာမှန်သမျှဟာ ရွေ့စေနိုင်တဲ့အရာမှန်သမျှထက် အားမကြီးနိုင်ဘူး ဆိုတဲ့ သီအိုရီကို ကျနော်လက်ခံအတည်ပြုပါထားပါတယ်။
ဒါဖြင့်ရင် ကျနော်တို့ရဲ့ ဘ၀မှာကော။ နေ့စဉ်ကျနော်တို့ရဲ့လှုပ်ရှားမှုတွေဟာဘာကို အခြေခံပြီးဖြစ်ပေါ်နေကြပါသလဲ။ ကျနော်တို့ရှေ့ဆက် အသက်ရှင်ရေးအတွက်တွန်းအားတစ်စုံတစ်ရာရှိပါသလား။ ရှိပါတယ် ဆိုတဲ့အဖြေဟာအလွန်မှန်ကန်တဲ့အဖြေဖြစ်တယ်ဆိုတာ စာဖတ်သူလက်ခံနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါဖြင့်ရင် အဲဒီတွန်းအားဆိုတာ ဘာကိုပြောတာလဲ။ ဒီအတွက်တော့အဖြေအမျိုးမျိုးပေးကြမယ် ထင်ပါရဲ့။ တစ်ချို့က မျှော်လင့်ချက်သည်ဘ၀ရဲ့တွန်းအား တဲ့။ ဒါကိုလဲ ကျနော်လက်ခံတာပဲ။ ဟုတ်တယ်လေ။မျှော်လင့်ချက်မရှိပဲနဲ့ ဘာအတွက် ကျနော်တို့အသက်ရှင်နေကြမှာလဲ။ တကယ်တော့မျှော်လင့်ချက်ဆိုတာလဲ ယုံကြည်ချက်အောက် တစ်ဆင့်နိပ်လျှောတဲ့တွန်းအားတစ်မျိုးပါပဲ။
သူများတွေရဲ့အသက်ရှင်နေမှုကိုတော့ ကျနော်မဝေဘန်တတ်ပါ။ ကျနော်ကိုယ်တိုင်ရဲ့အသက်ရှင်မှုကတော့ အဲဒီမျှော်လင့်ချက်ဆိုတာကြီးကို မဏ္ဍိုင်ပြုထားတယ်လို့ခံစားရပါတယ်။ပြောမယ်ဆိုရင် မျှော်လင့်ချက်နဲ့ ကျနော်အသက်ရှင်နေရတယ် ဆိုပါတော့။ ဘာကိုကျနော်မျှော်လင့်သလဲ။ လက်ရှိအခြေအနေထက် ကောင်းတဲ့အခြေအနေတစ်ခုခုလို့ပဲယေဘုယျဖြေပါရစေ။ သို့မဟုတ် ကျနော့်အနေနဲ့ တကယ့်ကိုဖြစ်ချင်တဲ့အခြေအနေတစ်ခုခုလို့ ဖြေရင်လဲ မှားမယ်မထင်ဘူး။
ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ တစ်ခါတစ်ရံမှာ ကိုယ်တကယ်ဖြစ်ချင်တဲ့အခြေအနေဟာ သူများအမြင်မှာ လက်ရှိအခြေအနေထက်ဆိုးချင်ဆိုးနေတတ်တာမျိုးကိုး။ဒါပေမဲ့ ကိုယ်ကတော့ အဲဒီအခြေအနေကို အိမ်မက်မက်မိနေတတ်ပါတယ်။ ဘ၀မှာဘာပဲဖြစ်ချင်ဖြစ်ချင်၊ အဲဒီလိုဖြစ်လာဖို့အတွက်၊ ဖြစ်ချင်တဲ့အတိုင်းတကယ်ဖြစ်လာဖို့အတွက် အရေးတကြီးလိုအပ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ယုံကြည်ချက်ပါပဲ။ ယုံကြည်ချက်ကို အခြေခံပြီးမှ ကျန်တဲ့ စိတ် (စေတသိက်) စွမ်းအားတွေဟာ သူ့နေရာနဲ့သူ အချိုးကျဝင်ရောက်လာတတ်ပါတယ်။
ဒါကြောင့် ကမ္ဘာကျော်စစ်နဲ့ငြိမ်းချမ်းရေးဂန္ထ၀င်ဝတ္ထုကြီးကိုဖန်တီးရေးသားခဲ့သူ လီယိုတော်လ်စ်တွိုင်းက "Faith is the force of life.ယုံကြည်မှုဆိုတာ ဘ၀ရဲ့တွန်းအားပဲ" လို့ဆိုခဲ့တာပါ။ ရှေ့ဆက်ဖို့အတွက်လိုအပ်တဲ့ တွန်းအားတွေ အမြောက်အများရှိတဲ့အနက် ယုံကြည်မှုဆိုတဲ့ တွန်းအားဟာအရေးကြီးဆုံးလို့ ဆိုရင်တောင် မှားမှာ မဟုတ်ပါဘူး။ စာဖတ်သူသဘောမကျရင်ကွဲလွဲခွင့်ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီအဆိုကိုလက်ခံအတည်ပြုနိုင်ပါတယ်။
ဘာ့ကြောင့်ပါလဲ။ ကျနော်တို့ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလဲ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီးအမြောက်အများ ဟောကြားခဲ့တာရှိပါတယ်။ အဲဒီတရားဒေသနာတွေထဲက ကျနော်မှတ်ထားတာလေးတစ်ခုကို ပြောပြချင်ပါတယ်။ "သဒ္ဓါယ တရတိ သြဃာ၊ ဟောဒီအစမထင်သံသရာဆိုတဲ့ ၀ဲသြဃကြီးကို ယုံကြည်မှုနဲ့ ကျော်ဖြတ်ရတယ်" လို့ အတည်အလင်းဟောကြားတော်မူခဲ့ပါတယ်။
ဒီဒေသနာတော်ကိုကြည့်မယ်ဆိုရင် ယုံကြည်မူဆိုတာ သံသရာမှာကျင်လည်နေရစဉ်အတွင်း (မျက်မှောက်)ဘ၀ရဲ့တွန်းအားသာမဟုတ်၊သံသရာမှလွတ်မြောက်ဖို့ရာ ကြိုးပမ်းတဲ့လူတွေအတွက်ပါတွန်းအားကြီးတစ်ခုဖြစ်ကြောင်း ကောင်းကောင်းနားလည်နိုင်ပါတယ်။ ဘ၀ကိုရှင်သန်မှုလို့ ဖွင့်ဆိုချင်တဲ့လူတွေအတွက် ကိုယ့်ဘ၀ကိုစွမ်းအင်ပြည့်ရှင်သန်စေချင်တယ်ဆိုရင် ကိုယ့်နှလုံးသားထဲမှာ ယုံကြည်မှုကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။
ယုံကြည်မှုဆိုတဲ့တွန်းအားခိုင်မာလာပြီဆိုရင် အဲဒီယုံကြည်မှုအတိုင်းလိုက်လုပ်တတ်တဲ့ကြိုးစားမှုဆိုတဲ့တွန်းအားဟာလဲ အရှိန်ရလာတတ်ပါတယ်။ ကြိုးစားမှုတွန်းအားအရှိန်ရလာပြီဆိုရင် အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ဟာ သူ့အလိုလိုကိုယ့်အနားရောက်လာတတ်ပါတယ်။ ဒါပေမဲ့ ယုံကြည်မှုနဲ့ ကြိုးစားမှုဆိုတဲ့တွန်းအားနှစ်မျိုးကို ဒီအတိုင်းလွှတ်ထားလို့တော့ မရပါဘူး။သူတို့နှစ်မျိုးစလုံးဟာ အောင်မြင်မှုဆီရှေးရှုနေကြတာမှန်ပေမဲ့ သတိနဲ့ပညာဆိုတဲ့ အထိန်းဂီယာနှစ်မျိုးတော့ လိုအပ်ပါသေးတယ်။
နောက်တစ်မျိးလိုအပ်ချက်ကတော့ ပန်းတိုင်ကိုတည့်တည့်စူးစိုက်ထားတဲ့သမာဓိပါပဲ။ သူကတော့ လက်ကိုင် သို့မဟုတ် တက်မနဲ့တူပါတယ်။ ယုံကြည်မှု၊ကြိုးစားမှု၊ သတိရှိမှု၊ စူးစမ်းမှုတွေနဲ့ ပြည့်စုံနေပေမဲ့ စူးစိုက်မှုမပါရင်ဒါမှမဟုတ် စူးစိုက်မှု အားနည်းနေရင် လမ်းကြောင်းလွဲသွားတတ်ပါတယ်။အဲဒီဂီယာနှစ်မျိုးနဲ့ လက်ကိုင်မပါရင်တော့ တွန်းအားတွေအရှိန်လွန်ပြီးပန်းတိုင်ကျော်သွားတတ်ပါတယ်။ သို့မဟုတ် ချော်သွားတတ်ပါတယ်။
ဒါကြောင့်--
(၁) Faith ဆိုတဲ့ သဒ္ဓါ သို့မဟုတ် ယုံကြည်မှုစွမ်းအား
(၂) Energy ဆိုတဲ့ ၀ီရိယ သို့မဟုတ် ကြိုးစားမှုစွမ်းအား
(၃) Carefulness ဆိုတဲ့ သတိ သို့မဟုတ် ဂရုစိုက်မှုစွမ်းအား
(၄) Concentration ဆိုတဲ့ သမာဓိ သို့မဟုတ် စူးစိုက်မှုစွမ်းအား
(၅) Knowledge ဆိုတဲ့ ပညာ သို့မဟုတ် ဂဂနနသိမှုစွမ်းအား
ဒီအားငါးမျိုးကိုအချိုးကျထည့်ပြီးတော့ ကိုယ့်ဘ၀ကို ရှင်သန်စေနိုင်မယ်ဆိုရင် ဘ၀မှာကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရကြမှာသေချာပါတယ်။ ငါးမျိုးစလုံးကိုတစ်ပြိုင်နက်တည်း မထည့်နိုင်သေးဘူးဆိုရင်လဲ ပထမဆုံးတွန်းအားဖြစ်တဲ့ယုံကြည်မှုကို အထပ်ထပ်အခါခါ မွေးမြူဖို့ အလွန်လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတဲ့ တွန်းအားကို မရမချင်းကျန်တဲ့တွန်းအားတွေဟာ အလုပ်မလုပ်တတ်လို့ပါပဲ။ယုံကြည်မှုနဲ့တွန်းကန်လိုက်ပြီးမှသာ ကြိုးစားမှုဟာ အရှိန်ရလာတတ်ပါတယ်။ဒါကြောင့်လဲ ဆရာကြီးတော်လ်စ်တွိုင်းက ယုံကြည်မှုတစ်ခုတည်းကိုပဲ"ဘ၀ရဲ့တွန်းအား" လို့ဆိုခဲ့ဟန်တူပါတယ်။
ဒါဖြင့်ရင် ယုံကြည်မှုကို ဘယ်လို ထူထောင်မလဲ။ ယုံကြည်မှုကိုထူထောင်ဖို့အတွက် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်ရပါ့မယ်။ကိုယ့်အရည်အချင်းကိုလဲ အမှန်အတိုင်းနားလည်ဖို့လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်တကယ်လိုချင်တဲ့ ပန်းတိုင်ကို စိတ်ထဲမြင်အောင်ကြည့်တတ်ရပါ့မယ်။ အရေးကြီးဆုံးက ကိုယ်လိုချင်တဲ့ ပန်းတိုင်ဟာ ကိုယ့်အရည်အချင်းနဲ့ လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်မျိုးမဖြစ်စေရပါဘူး။ ကိုယ့်အရည်အချင်းနဲ့လက်လှမ်းမမီနိုင်တဲ့ ပန်းတိုင်ကို ရဖို့ကြိုးစားတဲ့လူဟာ ပင်ပန်းရကျိုးမနပ်တဲ့အပြင် တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုအားနည်းလာတတ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာပြီဆိုရင်ကျန်တဲ့တွန်းအားတွေလဲ အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါကြောင့်တကယ်ယုံကြည်မှုကို ထူထောင်ချင်တဲ့လူဟာ ကိုယ်လက်လှမ်းမီတဲ့ကိုယ်နဲ့နီးစပ်တဲ့ ပန်းတိုင်မျိုးကို အရင်ရအောင်ကြိုးပမ်းကြည့်ရပါတယ်။အဲဒီကမှ တစ်ဆင့်တက်ပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေကိုတက်လှမ်းဖို့ကြိုးစားရပါတယ်။ ဒီလိုဆိုရင် အဲဒီလူရဲ့ယုံကြည်မှုဟာတဖြေးဖြေးနဲ့ ခိုင်မာသထက် ခိုင်မာလာပြီး ဘ၀မှာ ဘာမဆိုလောက်နီးပါးရအောင်ကြိုးပမ်းနိုင်တဲ့ ယုံကြည်မှုမျိုးကို ရသွားတတ်ပါတယ်။ ဒါကြောင့်"ယုံကြည်မှုဟာ ဘ၀ရဲ့တွန်းအား" ဆိုတဲ့အဆိုဟာ အလွန်မှန်ကန်ကြောင်းကောင်းစွာနားလည်နိုင်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် ခိုင်မာတဲ့ယုံကြည်မှုမျိုးကို ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုလျှက်----။
ခေတ်သစ် မြန်မာအဘိဓါန်
က
ကျွတ်တယ်= ကြောက်တယ်။ လန့်တယ်။
ကျွေးလိုက်ရ= ချလိုက်ရ။ ဆော်လိုက်ရ။ ထိုးလိုက်ရ။
ကြီးပေါ= ကြီးမှပေါသောသူ။
ကီးလိုက်ရ= ကုန်းတိုက် ပေးလိုက်ရ။ ချောက်တွန်း ပေးလိုက်ရ။
ကက=(အနက်မပြန်လိုပါ) မကောင်းသောမိန်းမ။ မိန်းခလေးများ ကိုယ့်ကိုထိုသို့အခေါ်ခံရလျှင် ချစ်စနိုးနှင့် ညည ဟုခေါ်သလိုမျိုးဟုမထင်လိုက်ပါနှင့်။ ပါးလှည့်တီးထည့်လိုက်ပါ (စကားချပ်)
ကြောင်းသည်= လိုက်စကားပြောသည်။ လမ်းကြောင်းထွင်သည်ဟု အနက်ယူ။ (ဥပမာ- ငါဟိုကောင်မလေးကို လိုက်ကြောင်းလိုက်ဦးမယ်)
ကြူသည်= အီစီကလီပြောသည်။
ကူလီကူမာ = မကောင်းကြံစည်ခြင်း။
ကြပ်သည် = အနဲငယ် ချောက်တွန်းလိုက်သည်။ တိုင်သည်။ ဒုက်ခရောက်အောင် လုပ်သည်။ ဥပမာ ငါဟိုကောင်ကို နဲနဲကြပ်ပေး လိုက်ဦးမယ်။
ကျွတ်ကျဲ=ကြောက်လန့်သွားခြင်း ။ အသံကြားရုံမျှနှင့် ကြောက်လန့်သွားခြင်း(မောင်မောင်၏ ဗလကို မြင်ရသောအခါ မမမှာ ကျွတ်ကျဲသွားလေတော့သည်(မည်သို့ကြောင့်မှန်း မောင်နတ် မသိ)
ကလော်တုတ် = ပြင်းပြင်းထန်ထန် အော်ဆဲသည်။ (အေ..ဘယ်ရမလဲ ငါဒင်းကို ကလော်တုတ် ပစ်လိုက်တာပေါ့.. ဟင်း)
ကလိန်ကကျစ်= သူတစ်ပါး ဒုက်ခရောက်အောင် လိမ်လည်သည်။ လှည့်ဖျားသည်။ (ဟိုမှာလေဟိုချတ်ရွန်းထဲမှာ ဟိုကောင် ကလိန်ကကျစ်တွေ လုပ်နေပြန်ပြီ ဟိုကောင်မလေးတော့ဟိုဒင်းဖြစ်တော့မယ်)
ကြွက် = ဟိုလူတွေလေ။
ကျွဲ = သင်္ဘောသား လောကမှ ကပ္ပလီ မလေးများကို ခေါ်သော နာမည်။
ကြောင်တောင်နှိုက်= ပိုင်ရှင်ရှိသော ပစ္စည်းကို ယူခြင်း။ ယူသောသူ။ (တောက် ဟိုကောင်ငါ့ရည်းစားကို ကြောင်တောင်နှိုက် သွားလေ ခြင်း (မျက်ရည်စက်ကလေးများနှင့်) )
ကြားကားဆွဲ= သူတစ်ပါးရည်းစားကို ဖြတ်ခုတ်သည်။
ကလေကချေ= အပေအတေကောင်။
----------------------
ခ
ခိုက်သည်= ကြိုက်သည် ( ဥပမာ- မောင်နတ် ဟို စာအရမ်းရေးတဲ့ ကောင်မလေးကို ခိုက်နေတယ် )
ချီးပေါက်သည် = ပစိပစပ်များသည်။
ချီးထုတ်ပဲ = အရှုပ်ထုတ်တွေပဲ။
ချီးကြီးသည် = -ကျယ်သည်။ ဘ၀င်မြင့်သည်။
ခေါက်ထားလိုက်ပါ= အေးအေးဆေးဆေးထားလိုက်ပါ။
ခိုကြီး= ရေသာခိုလွန်းသောသူ။
----------------------
ဂ
ဂေါက်သီး= ကြောင်နေ ဂေါက်နေသောသူ။
ဂျီပုန်း = အခြောက်။ ( ပုန်းနေသော ဂျီကလေး ဟု အဓိပ္ပါယ်ရ၏။ ထပ်ကာ အနက် မဖွင့်ပါရစေနှင့်တော့)
ဂေါ်လီ = ခေတ်မီသော ခေတ်ဆန်သော ဆိုရှယ်ကျသောသူ။ မှတ်ချက်စကား။ (ဟို ကောင်မလေးကတော့ ဂေါ်လီပဲ)
ဂွင် = အခွင့်အရေး။ (ဒါကတော့ တကယ့် ဂွင်ပဲကွာ)
-----------------------
င
င၀ိုင်း=င၀က်= ပိုက်ဆံ ( လက်ညှိုးနှင့်လက်မကို ကွင်းပြသည် )
ငလောင် = သူများတစ်ကာကို လူပုံအလယ် အရှက်ကွဲလောက်အောင် နောက်ပြောင်တတ်သူ။
ငပွေး= နေရာတကာ ပါသောလူငယ်။
-----------------------
စ
စော်= ကောင်မလေး ( လူငယ်အချင်းချင်း သုံးသောစကား )
စရိုက်ပဲ= အပေအတေကောင်ပဲ။
-----------------------
ဆ
ဆားပုလင်း= အိမ်ဖော်။ အိမ်စေ။
----------------------
ဇ
ဇယား = အရှုတ်ထုပ်။ ကောင်မလေး။ (သုံးစွဲသူကို လိုက်ကာ၊ အချိန်ကိုလိုက်ကာ ကွာ၏)
-----------------------
ည
ဥာဏ်တိမ်တယ် = အတွေးအခေါ် ညံ့ခြင်း စဉ်းစားဥာဏ် မရှိခြင်း။
----------------------
တ
တေတယ်ကွာ= ရုပ်ဆိုးတယ်။ စုတ်ပြတ်တယ်။
တင်းတယ်= စိတ်ဆိုးတယ်။
-----------------------
ထ
ထမင်းစားပြီး ချီးမပါ= ၀သောသူများကို ခေါ်၏။
ထိတယ်ကွာ= ချက်ကောင်းကို ထိသည်။
-----------------------
ဒ
ဒူတယ်ကွာ ( အတော်ထုံအခြင်းကို ကိုယ်စားပြု၏ )
-----------------------
ဓ
ဓါတ်ကြိုး = အန်တရာယ်ပေးနိုင်တဲ့သူ။ (အဲဒီမိန်းခလေးကတော့ ဓါတ်ကြိုးပဲ)
ဓါတ်တိုင်သေးပန်း = ကြုံရာ လုပ်တတ်တဲ့ကောင်။ အခြေအမြစ်မရှိတဲ့ကောင်။
ဓါတ်ကျသည်= စိတ်ဓါတ်ကျသည်။
----------------------
န
နလပိန်းတုန်း = ဘာမှမသိတဲ့ကောင်။ အသိဥာဏ် မရှိတဲ့ကောင်။
နွားပလာတာကျွေး= အသိဥာဏ် မရှိသောသူကို ပြောနေ သင်နေရခြင်း။
နံ့ = နန့်နန့် တက်သည်။ ဆတ်ဆလူးခါသည်။ ( ဥပမာ မပေးတော့ပါ )
နားကားသည် = ပြသနာတတ်သည်။
နင်တယ် = ပြန်မပြော နိုင်လောက်အောင် ခံစားရခက်သွားသည်။ (တောက်.. နင်တယ်ကွာ (မခံချည့် မခံသာ မျက်နှာပေးလေးနှင့်))
-----------------------
ပ
ပိန်းတယ်= တုံးတယ်။ အတယ်။ ထူတယ်။
ပေါက်တူး= သွားခေါနေသောသူ။
ပေခေါက်တယ်= ကပ်စီးနဲသည်။ စီးပွားရှာသည်။ ကတ်သည်။ ( ဥပမာ- ဟိုကုမ်ပဏီက အက်ဒမင်ကြီးပေါ့ သိပ်ပေခေါက်တယ်)
ပဲများ= ဟန်ပန်အမူအယာ များသည်။ (ပဲအလွန်များလျှင် သောက်ရမ်းနှင့် တွဲသုံးပါ။ သောက်ရမ်းပဲများ၏)
ပွားသည်= စကားများသည်။
ပိုက်ဘောမိ= သူများရည်းစား ကိုယ်နဲ့ ယူယူပြီးချင်း မျက်နှာမြင်ခြင်းဟု အနက်ယူ။
ပလီစိချောက်ချက် = (ပုတီးစေ့ ချောက်ချက်မှ လာသည်ဟု မောင်နတ် ထင်မိ၏။ပုတီးစိပ်သောအခါ တခါတရံ မတူညီသော သစ်သား အတိုင်းအဆကြောင့်တစ်လုံးနှင့်တစ်လုံးထိသံမှာ ချောက်ဟုမြည်လိုက် ချက်ဟုမြည်လိုက်ဖြစ်နေတတ်သည်။ ဟိုတစ်မျိုး ဒီတစ်မျိုး ပြောခြင်း)
ပွကြီး= နေရာတကာ ၀င်ပါတဲ့ကောင်။ (ဘုရင်ကြီးမေး- နတ်ဆိုး မင်းက ဖိုရမ်မှာပွကြီးလားကွ ဟေ) (နတ်ဆိုးဖြေ- မဟုတ်ရကြောင်းပါဘုရာ့၊ ဘုရာ့တပည့်တော်ဗျူးတီးအန်ဟဲ့တို့ ဘစ်ဇစ်နက် တို့မှာ မပါပါ့ဘုရာ့။ ဒါကြောင့် ဒီဘွဲ့ထူးကိုတပည့်တော် လက်မခံပါရစေနဲ့ဘုရာ့။ ပိုပြီး နှံစပ် တတ်ကျွမ်း စုံလင်သူများကို သာ ချီးမြှင့်တော်မူပါ့)
ပတ်ကြမ်းတိုက် = ပြသနာကြီးကြီးရှာသည်။ (မိန်းမများတွင် အသုံးများ၏)
ပေါက်သွားပြီ= နားလည်သွားပြီ (အင်း ငါပေါက်သွားပြီ)
----------------------
ဖ
ဖို့ရတယ်= ပေးရတယ်။ ကမ်းရတယ်။
ဖောသည် = အပိုစကားပြောသည်။ မဟုတ်တရုတ်ပြောသည်။
-----------------------
ဗ
ဗုံးခွဲ = အတင်းတုတ်သည်။ ဖွသည်။ (ဟင်းဟင်း သိမယ်... အဲဒီအကြောင်းတွေတော့ ဗုံးပြန်ခွဲ ပစ်လိုက်ဦးမယ် ဟင်းဟင်း)
----------------------
ဘ
ဘတ်တီးရိုက် = လိမ်သည်။ ညာသည်။
ဘဲဥ=ပရုတ်လုံး=အဖြူကောင်= ယာဉ်ထိန်းရဲ (နေရာဒေသလိုက်ပြီး အခေါ်အဝေါ် ကွဲပြားကြသည်)
ဘဲ = ကောင်လေး။ ရည်းစား ( လူငယ်အချင်းချင်း သုံးသောစကား )
ဘူသည် = ကံမကောင်းခြင်း။ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း။
ဘိုင်ကျ = သုံးစွဲစရာပင် ပိုက်ဆံမရှိခြင်း။
-----------------------
မ
မိုက်တယ် = လှတယ်၊ ချောတယ်။ ( အသံလေးလေးပင်ပင်နှင့် ပြော၏ )
မောင်းထု = သတင်းဖြန့်သည် (အထူးသဖြင့် သူများအတင်းအဖျင်း)
-----------------------
ယ
ယပက်လက်= ယိုးဒယားများကို မြန်မာတို့ ခေါ်သောနာမည်။
-----------------------
ရ
ရှဲလ်= သွား ( ရန်ဖြစ်တာ ရှဲလ်လေးချောင်း ကျွတ်သွားတယ် )
ရေမီးလင်း = ပိုက်ဆံမရှိခြင်း။ (ဥပမာ – ငါ့မှာ ရေမီးလင်းနေပြီကွာ ( ၀မ်းနည်းသော မျက်နှာပေးလေးနှင့် )
ရစ်သည်= ပွစိပွစိပြောခြင်း။ ကိတ်စတစ်ခုကို ထပ်ခါတလဲလဲ ပြောရင်း သူတစ်ပါး စိတ်ညစ်အောင်လုပ်နေခြင်း။
ရွဲသည်= ၉၀-၂၀၀၂ ခုနှစ်များဆီက စကားဖြစ်သည်။ (ရုပ်ဆိုးလွန်းအားကြီးသည်။ ဆိုးလွန်းသည်ဟု အနက်ယူပါရန်)
----------------------
လ
လန်ထွက်နေတယ်= သူဝတ်တာ စားတာက လန်ထွက်နေတယ်။
လန်းသည်= စိတ်အားတက်ကြွသည်။ (မျိုးကျော့မြိုင်+ ဒိုးလုံး ရဲ့ ငါတို့လန်းတဲ့နေ့ သီချင်း )
လှည်းကျိုးထမ်း = တစ်ပါးသူအမှုကို ကိုယ်အပြစ်ခံသည်။ သူတစ်ပါးနှင့်ရသော ကိုယ်ဝန်ကို ကိုယ်နှင့်ယူပြီးမှ မွေးဖွားခြင်း
-----------------------
ဝ
ဝါးတီးဆွဲ = ထမင်းစားသည်။
-----------------------
သ
ေ(သာ)က်ရမ်း (စ) = အလွန်အကျူးတင်စားခြင်း။ (ဥပမာ- သောက်ရမ်းကောင်းတယ်)
သွားလေသလပ်ခံ= လူမြင်တိုင်း ဖြီးပြသောသူ။
သွေးထွက်သွားပြီ= ဒေါသထွက်သွားပြီ။ (တောက် ဒီတစ်ခါတော့ ငါသွေးထွက်သွားပြီ)
သဝေထိုး= လျှောက်သွားသည်။ ဖမ်းလို့မရ။ (ငါ့ရည်းစားလေး ဘယ်တွေ သဝေထိုးနေပါလိမ့် )
သွားချီးယိုးဒယားက= မေးချိတ်ကို ပယ်ပယ်နယ်နယ်အထိုးခံရခြင်း။ (ဟိုကောင်သမလိုက်တာ ဟိုကောင် သွားချီးယိုးဒယား ကသွားတယ် )
----------------------
ဟ
-----------------------
အ
အမှုပဲ = ပြသနာပဲ။ (ဟာ မင်းကတော့ အမှုပဲကွာ )
အပင်လိမ် = အရာနှစ်မျိုးရောလုပ်သူ။ (အရက် နှစ်မျိုးရောသောက်ခြင်း)
အီစီကလီ= သူငယ်ချင်းမက သမီးရည်းစားမကျ။
အိုင်စီ = ဦးနှောက် သိပ်မကောင်းတဲ့သူ (မင်းကတော့ အိုင်စီပဲ) (အိုင်စီဆိုသည်မှာ စက်ပစ်စည်းများတွင် ဦးနှောက်လို့ သဘောထား၏)
အကောင်= အကောင်။
အာရုံရ= ထင်မြင်သည်။ ယူဆသည်။
အိတ်ဇယ်လ်=ဇယား= အရှုတ်အထွေးများတဲ့ကောင်၊ မိန်းခလေး။
အကိတ်ကြီး= ကိုယ်ကာယ ထွားကျိုင်းသူများကို ထိုသို့ခေါ်၏။
အားပေး= စားမယ်။ သောက်မယ်။ တစ်ခုခုလုပ်မယ်။ (ဒီည ဒင်နာကျရင် ငါသွား အားပေးလိုက်ဦးမယ်)
အမုန်းဆွဲ = အသားကုန် လုပ်သည်။ စားသည် (ဥာဏ်ရှိသလို ရေလဲသုံးပါ)

သင့်မှာစိတ်ဖိစီးမှု ဘယ်လောက်ရှိလဲ
အရမ်း အရမ်းရှည်တဲ့ အုန်းပင်တစ်ပင် နဲ့ မျောက်အမျိုးအစား လေးကောင်ရှိသတဲ့ ...
ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)
၊ မျောက်ငယ် ..
သူတို့တွေက အဲအပင်မှ ဌက်ပျောသီး အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့
ယှဉ်ပြိုင်ကြတယ် ..
သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..
သေချာ စဉ်စားပြီး seconds 30 အတွင်း ဖြေကြည့်နော် .... = )
ကဲ..အောက်မှာ အဖြေကို ကြည့်လိုက်နော် ... = )
သင့်အဖြေက ...
အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..
မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ..
မျောက်ငယ် ဆိုရင် = တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကု
ဆေးရုံသွားသင့်ပြီနဲ့တူတယ် ... = D
ကင်းကောင် ဆိုရင် = သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...
ဘာဖြစ်လို့လဲဆိုတော့ .... အုန်းပင်ပါဆိုမှ ဘယ်ကဌက်ပျောသီးက လာရမှာလဲ ... =

ပျော်ရွှင်တဲ့ စိတ်
တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။
လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။
နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။
ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။
"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့
"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။
ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။
ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။
လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....
အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ....

Subscribe to:
Posts (Atom)