ကျွန်တော်ရဲ့
အိပ်ရာလှလှလေးပေါ့...
အချစ်တွေနဲ့ တည်ဆောက်ထားတယ်။
နေရက်တိုင်း
မနက်ဆို ထ ၊ ညဆို အိပ်နဲ့
ဖြတ်သန်းနေကြအတိုင်း
တစ်လပြီး တစ်လ
တစ်ရက်ပြီး တစ်ရက် ပြန်ပြန်လာနေတယ်။
ကျွန်တော် ပွေ့ပိုက်ထားတာက
အရုပ်လေးတစ်ရုပ်နဲ့
ကိုင်တွယ်လို့ မရတဲ့ အလွမ်းလှလှလေးတွေ....
အိမ်မက်လွမ်းလွမ်းလေးတွေ ပေါ့...။
ဒီည လဲ အိပ်အုံးမယ်။
သံယောဇဉ် ကြိုးလေးချည်
သတိရခြင်းကို ခြုံပြီးတော့လေ......
Good Night.....
No comments:
Post a Comment