တကယ်မဟုတ်တဲ့ ကဗျာ

လှမ်းမျှော်ကြည့်မိတော့
ပြန်ဆုံရမှာကို
ကြောက်နေရပုံများ
ရင်ထဲမှာတော့ ...........မိုး ပြိုသလိုပါပဲ
စမ်းရေတွေ အေးနေသလို
ပန်းတွေလည်း မွှေးနေတော့
ရယ်သံတွေတောင် လွင့်ပျံ့ လို့ 
နှလုံးသားတစ်ခုလုံး မပြိုကျလို့
ကြိုးစားဖြိုချခဲ့ရတယ်
ငါ့ ရဲ့  မျှော်လင့်ချက်တွေအားလုံး
မင်းမရှိ မှရှင်သန်ခဲ့ရတာပါ
ခပ်အက်အက် ငိုသံတွေကြားမှာ
လွတ်လပ်တဲ့စိတ်တွေ ပျော်ဝင်နေတယ်ဆိုတာ
မုန်းသူ ကတော့ သိမယ်မထင်ပါဘူး
ငါ့ မှာသာ
အိပ်လို့ မရတိုင်း
ကဗျာတွေ စာစီလိုက်ရတာ
စကားတစ်လုံး Pepsi တစ်ဘူးဖြစ်ရင်
ငါ boss ဖြစ်တာကြာပေါ့..........

No comments:

Post a Comment