ကောင်မလေးရေ
ကာရံတွေမှ ညီင်္ရဲ့လားကွာ......
အစတည်းက အလွမ်းကာရံတွေနဲ့ ငါ့ဘဝ
ပန်းမပွင့်တဲ့ ညတစ်တစ်ညကို ဖြတ်နေရတယ်.....။
အထီးကျန်မှုကို အံ့အောလောက်အောင်တက်မက်
ကုတင်တစ်လုံးမှာ ပျော်ပျော်ထိုင်ရင်း
မင်းအတွက် ဆေးလိပ်တစ်လိပ်တစ်လိပ်သောက်ချင်တယ်......။
လက်တွေ့မှာတော့
လွမ်းရတဲ့ရက်တွေမှာ
အထီကျန်မူကို အော့နှလုံးနာ
ကုတင်တစ်လဲုးမှာ ငူငူထိုင်ရင်း
မင်းမှာတဲ့အတိုင်း ခံတွင်းချည်ရင်းပေါ့........
ဓါတ်ပုံလေးကို ဘေးကလူအဖြစ်သဘောထား
မင်းရဲ့ကိုယ်ပွားအဖြစ် ဖေးကူခိုင်းချင်ပေမယ့်
အခါခါကြည့်တိုင်း သွေးတွေပဲ ပိုပိုပူလာတယ်....။
မြူခိုးတွေ ဝေနေသလို
သဲမှုန်တွေနဲ့ ၀န်းရံရင်း
အနာဂတ်အတွက် မျှော်လင်ချက်တွေနဲ့လူ.....
အခုတော့
ရင်ထဲက အပူတောင် မငြိမ်းနိုင်သေးတဲ့လူ လေ.........။ု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment