အရမ်းကို လွမ်းတတ်လေတော့
ချစ်သူရယ်....
ငါ့ အလွမ်းကဗျာတွေရဲ့ အဓိပါယ်
နှလုံးသားရဲ့ အလွမ်းကို
အလကားမဖြစ်အောင် သိစေချင်တယ်...။
အရမ်းကို လွမ်းတတ်လေတော့
ချစ်သူရယ်....
ငါ့ အချစ်သီချင်းတွေရဲ့ ခံစားမှု
အချစ်ရဲ့ သံစဉ်ကို
အလကားမဖြစ်အောင် သိစေချင်တယ်...။
အလကားဖြစ်ဖို့
ဒီနှလုံးသားကဗျာကို အသက်မသွင်းချင်ဘူး....
နင်တစ်ယောက်အတွက်သာ လွမ်းတတ်လွန်းခဲ့တော့
နွမ်းလျနေတဲ့ စိတ်ကူးတွေကို
အိမ်မက်အဖြစ်မက်ဖို့ အိပ်လိုက်အုံးမယ်...
မနက်ဖြန်တော့...ချစ်သူသိပါစေ.............။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment