သတိရတိုင်း ရင်ဘတ်ထဲမှာ
သီချင်းလေးတွေနဲ့ မိုးတွေရွာတယ်
ခံစားချက်တွေ မင်းမသိအောင်မြုပ်နှံလို့
မကြည့်ရဲသူတစ်ယောက်.....
မင်းဆီပို့ဖြစ်ခဲ့တယ်....။
ခဏလောက်ပေမယ့် ရခဲ့တဲ့ဒဏ်ရာက
မာနကို အပြစ်မတင်ရက်ခဲ့ဘူး....
တခါလောက် မိုက်မိုက်မဲမဲနဲ့
အရယ်အပြုံတွေ လမ်းစဖြောက်ခဲ့တာ....
ဖုံးကွယ်ဖို့ ကြိုးစားရင်း....
လိမ်ညာမှုတွေနဲ့ လမ်းအတူတူလျှောက်ခဲ့တယ်.......
လှိုက်လှိုက်လဲလဲ ၀မ်းနည်းတဲ့စိတ်ကူးတွေနဲ့
ဇတ်အစအဆုံးချစ်ခဲ့တဲ့ စိတ်တွေအတွက်
ဘယ်အရာကိုမှ အပြစ်မတင်ရက်ခဲ့ဘူးလေ.........။
No comments:
Post a Comment